Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်နဲ့ ပုဂ္ဂိုလ်ရေး အာဃာတ လုံးဝ မရှိဘူးလို့ ဇီလန်စကီးပြော

သူနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကြားမှာ ပုဂ္ဂိုလ်ရေး ဘာအာဃာတမှ မရှိဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

သူနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကြားမှာ ပုဂ္ဂိုလ်ရေး ဘာအာဃာတမှ မရှိဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

မကြာသေးခင်က ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးပြီး ရုရှားဆီက ဒီဇယ်ဆီ တင်သွင်းဝယ်ယူဖို့ ထရမ့်က ဆုံးဖြတ်ခဲ့တာကို ဇီလန်စကီးက လူသိရှင်ကြား ဝေဖန်ခဲ့သလို ထရမ့်ကလည်း ဇီလန်စကီးဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေကို ဖျက်ဆီးပစ်ခဲ့သူလို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်းဟာ ခေါင်းဆောင်သစ် တစ်ဦးကို ရသင့်နေပြီလို့တောင် ထရမ့်က ပြောကြားခဲ့ပါတယ်။

အဲဒီလို အခြေအနေတွေကို ကြုံတွေ့နေပေမယ့် CNNနဲ့ အင်တာဗျူးမှာတော့ ဇီလန်စကီးက သူနဲ့ထရမ့်တို့ကြား ပုဂ္ဂိုလ်ရေးအရ အမြင်မကြည်တာတွေ၊ အာဃာတတွေ ဘာမှ မရှိဘူးလို့ ပြောဆိုသွားပါတယ်။

ကိယက်ဗ်မြို့ကနေ CNNနဲ့ အင်တာဗျူးကို အောက်တိုဘာ ၂၂ ရက်နေ့တုန်းက လက်ခံဖြေကြားခဲ့ရာမှာ ဇီလန်စကီးက သူနဲ့ ထရမ့်တို့ကြားမှာ တင်းမာမှု တချို့တလေ ရှိရင်တောင် ပုဂ္ဂိုလ်ရေးတော့ လုံးဝ မပါဘူးလို့ မှတ်ချက်ပေးသွားပါတယ်။ တစ်ဖက်မှာလည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ပတ်သက်ပြီး သူ့သဘောထား အမြင်က ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဇီလန်စကီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီကိစ္စမှာတော့ သူ့ရဲ့ သဘောထားက အပြောင်းအလဲ မရှိကြောင်း၊ ပူတင်အပေါ် ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားပေးလိုက်တာက သူ့ကို ပိုအားကောင်းအောင် ကူညီလိုက်တာနဲ့ အတူတူပဲ ဖြစ်ကြောင်း၊ ဒီအခြေအနေကို အမြင်မတူတာကလွဲရင် သူနဲ့ သမ္မတ ထရမ့်ကြားမှာ ပုဂ္ဂိုလ်ရေး ခါးသီးမှု ဘာမှ မရှိကြောင်း၊ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့တာကို သူကတော့ ကျိန်းသေပေါက် ဆန့်ကျင်ကန့်ကွက်မှာဖြစ်ကြောင်း ဇီလန်စကီးက ပြောပါတယ်။ ရုရှားဆီက ဒီဇယ်တွေ ဝယ်ယူမယ့်အကြောင်း ထရမ့်က ကြေညာချိန်မှာ အမေရိကန် သမ္မတဟာ သမိုင်းရဲ့ မှားယွင်းတဲ့ဖက်မှာ ရပ်တည်နေပြီလို့ ဇီလန်စကီးက ဝေဖန်ခဲ့ဖူးပါတယ်။

ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲကို ရပ်ဆိုင်းစေဖို့အတွက် အမေရိကန်က သံတမန်ရေးအရ ကြားဝင် ညှိနှိုင်းပေးဖို့ အားထုတ်မှုတွေ အရှိန်မြှင့်လာချိန်မှာ ဇီလန်စကီးက CNNနဲ့ အင်တာဗျူးကို လက်ခံ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့တုန်းက ထရမ့်ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်ဟာ ရုရှားနိုင်ငံမှာ ပူတင်နဲ့ နာရီပေါင်း အတော်ကြာ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီမတိုင်ခင် တစ်ရက်မှာတော့ ဝစ်ကော့ဖ်ဟာ နော်ဝေးမှာ ဇီလန်စကီးနဲ့ လူချင်းတွေ့ခဲ့ပါတယ်။

ပူတင်ဟာ ကစားပွဲ တစ်ခုကို သူ့သဘောအတိုင်း ကစားနေတာဖြစ်ကြောင်း၊ ဒါပေမဲ့ သူ့ရဲ့ ကစားပွဲမှာ လူ့အသက်တွေက လောင်းကြေးအထပ် ခံနေရတာဖြစ်ကြောင်း၊ ဒီအခြေအနေမှာတော့ ယူကရိန်းရဲ့ မိတ်ဖက်တွေကပါ ပူတင်ကို ပိုအားကောင်းလာအောင် ကူညီပေးတာမျိုး သူ့အနေနဲ့ မဖြစ်စေချင်ကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBC သတင်းဌာနကို တရားစွဲဆိုထားတဲ့ အမှုမှာ တရားရုံးရဲ့ ကြားနာမှု အစီအစဉ်တွေမှာ ပူးပေါင်းဖို့ အမေရိကန် တရားသူကြီး တစ်ဦးက သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ အသိပေးလိုက်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ မတိုင်ခင် ထွက်ဆိုချက်ပေးဖို့ ပျက်ကွက်မယ်ဆိုရင် ထရမ့်က နစ်နာကြေး ဒေါ်လာ ၁၀...

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ထောင်ထဲ ထည့်ထားသယောင် လှောင်ပြောင်ထားတဲ့ ပြကွက်တစ်ခုကို အီရန်နိုင်ငံရဲ့ မြို့တော်၊ တဟီရန်မှာ စီစဉ် ပြသထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့် ဒုတိယအကြိမ် အာဏာရလာပြီးနောက်ပိုင်း ဗီဇာပေါင်း ၃၀၀၀၀၀ ကျော်ကို ပယ်ဖျက်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်း အစိုးရ အနေနဲ့ ရုရှားနဲ့ သဘောတူညီမှု တစ်ခုခု ရယူတာမျိုး ဖြစ်စေချင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။