Hi, what are you looking for?
တနင်္သာရီတိုင်း၊ ထားဝယ်ဒေသ၌ စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကို စုစည်းညီညွတ်စွာ ခုခံရန်၊ စစ်ဆင်ရေးများ ဆောင်ရွက်ရန်အတွက် ထားဝယ်ဒေသတွင်းရှိ တော်လှန်ရေးတပ်များ ညှိနှိုင်းကာ မဟာမတ်ပူးပေါင်းတပ်ဖွဲ့စည်းထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုက ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်ထားသည့် နယ်မြေများ၌ တာဝန်ထမ်းဆောင်ရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနဆိုင်ရာများတွင် အဆင့်မြှင့်သင်တန်းများ ပြုလုပ်နေကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၂၆ရက်တွင် ဖော်ပြခဲ့ပြီး စိတ်ဝင်စားသည့် လူငယ်များ တက်ရောက်ရန်လည်း နှိုးဆော်ထားသည်။