Connect with us

Hi, what are you looking for?

သတင်း

ရေကြည် အမြောက်တပ်(၃၄၄)တပ်ရင်းကို AAနဲ့မဟာမိတ်တွေ တိုက်ခိုက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က အမှတ်(၃၄၄) အမြောက်တပ်(အမတ-၃၄၄)အနီးကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက တကျော့ပြန် ထိုးစစ်ဆင်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ရခိုင်ပြည်နယ်က ဂွမြို့သိမ်းအပြီး တွေ့ရတဲ့ AA ရဲဘော်တွေ။ ဓာတ်ပုံ - AA)

‌မေ-၁၃၊၂၀၂၆။ ဇော်ရမ်း/People’s Spring

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က အမှတ်(၃၄၄) အမြောက်တပ်(အမတ-၃၄၄)အနီးကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက တကျော့ပြန် ထိုးစစ်ဆင်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ဆက်စပ်နေပြီး ဂွ – ငသိုင်းချောင်းလမ်းပိုင်းဘေးက မြောက်စမ်းကျေးရွာအနီးမှာရှိတဲ့ အမြောက်တပ် အမတ(၃၄၄) တပ်ရင်းကို မေလ ၉ရက်ကစပြီး AAနဲ့မဟာမိတ်တွေက ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

” မေလ ၉ရက်ကစပြီး တိုက်ပွဲပြင်းတာပဲ။ လေယာဉ်နှစ်ရက်ဆက်လာတယ်။ ဒီနေ့ မနက်အထိ တိုက်ပွဲပြင်းနေတယ်။ အဓိကက ၃၄၄ ရဲ့ကာကင်းတွေကို ချနေတာ။ တော်လှန်ရေးတပ်တွေကတော့ ဒေသခံတွေကို သတိပေးထားတယ်”လို့ ရေကြည်မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမတ(၃၄၄)တပ်ရင်းကို ၂၀၂၅နှစ်စပိုင်းမှာ AAနဲ့မဟာမိတ်တွေက တိုက်ခိုက်ခဲ့ဖူးပြီး ကာကင်းစခန်းတွေကိုလည်း သိမ်းယူနိုင်ခဲ့ပါတယ်။

စစ်တပ်က အမတ (၃၄၄)က အမြောက်တွေကို ကျုံပျော်မြို့က ခလရ(၃၇)တပ်ရင်းကို သွားပို့ထားတဲ့အထိ အထိနာခဲ့ပါတယ်။ ၂၀၂၅ နှစ် လယ်ပိုင်းမှာ အမတ(၃၄၄)တပ်ရင်းအနီးမှာ တိုက်ပွဲတွေရပ်တန့်သွားပါတယ်။

ဒါပေမယ့် ဧရာဝတီတိုင်းက လေးမျက်နှာ၊ သာပေါင်းဒေသ‌တွေမှာ တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။ အခုအခါမှာတော့ အမတ(၃၄၄)တပ်ရင်းအနီးမှာ တိုက်ပွဲတွေ ‌ထပ်မံဖြစ်ပွားလာတာပါ။

ယခင်တိုက်ပွဲကာလက ဒေသခံတွေ စစ်ဘေးမရှောင်းးဖို့ စစ်တပ်က ဖိအားပေးခဲ့သလို အခုလည်း ကျေးရွာတွေကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

AAနဲ့မဟာမိတ်တွေဟာ လက်ရှိမှာ မကွေတိုင်းက ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာ၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက ကပစ(၁၆)ကိုလည်း စစ်ရေးဖော်ဆောင်နေပြီး တိုက်ပွဲတွေဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။