Connect with us

Hi, what are you looking for?

သတင်း

ကပစ(၁၆)အနီးက ကာကင်းစခန်းတွေAAနဲ့ မဟာမိတ်တွေ ထပ်သိမ်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေ ကပဲခူးတိုင်း ၊ပန်းတောင်းမြို့နယ်၊ အမှတ် (၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၁၆)ရဲ့ ကာကင်းစခန်း ၃ ခုကို ဇွန်လ ဒုတိယလပတ်အတွင်းထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

(​၂၀၂၆ မေလဆန်းတိုက်ပွဲမှာ ကပစ ၁၆ ရဲ့ကာကင်းစခန်း​တွေက သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ။ဓါတ်ပုံ-APM)

ဇွန်-၂၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေ ကပဲခူးတိုင်း ၊ပန်းတောင်းမြို့နယ်၊ အမှတ် (၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၁၆)ရဲ့ ကာကင်းစခန်း ၃ ခုကို ဇွန်လ ဒုတိယလပတ်အတွင်းထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

” ကပစ(၁၆)ရဲ့ ပတ်ချာလည်မှာ ကာကင်းစခန်းတွေထပ်ထပ်ဆောက်နေတာရှိတယ်။ ဘက်ဟိုးနဲ့ အခိုင်အမာ‌ဆောက်တာ။ အဲ့စခန်းတွေထဲက သုံးခုထပ်ရတာ”လို့စစ်ရေးသတင်းရင်းမြစ်က ဇွန်လ ၂၅ရက် မနက်ပိုင်းမှာပြောပါတယ်။

ကပစ(၁၆)ကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ် ။ဇန်နဝါရီလထဲမှာ (၆၆၆) ပွိုင့်ကုန်း နဲ့ ​မေလတိုက်ပွဲတွေမှာ ကပစ(၁၆)အနီးက ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်း အချို့ကိုသိမ်းယူနိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၆၆၆ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။

မေလ(၄) ရက်ကနေမေလ (၇)ရက်အတွင်းတိုက်ပွဲတွေမှာတော့ ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်း ၄ ခုကို AAနဲ့မဟာမိတ်တွက သိမ်းယူခဲ့ပြီး စစ်တပ် ဘက်ကသေဆုံးသူ ၂၀ထက်မနည်းရှိခဲ့တယ်လို့ AAရဲ့ စစ်ရေးသတင်းတွေကိုဖော်ပြပေးနေတဲ့ Arakan Princess Media က ဓာတ်ပုံမှတ်တမ်းတွေနဲ့ထုတ်ပြန်ခဲ့ပါတယ်။

ကပစ အနီးဝန်းကျင်က တိုက်ပွဲတွေမှာ စစ်တပ်ရဲ့ စကစ (၁၀) လက် အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ခမရ(၃၆၃)၊ခမရ(၃၆၄)၊ ခမရ(၃၆၆) ၊ခမရ (၃၆၉) တပ်တွေပါဝင်နေတယ်လို့ စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။

ပန်းတောင်းမြို့ဟာရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ်ထွက်ပေါက်မှာ စစ်ရေးအရ အဓိကကျတဲ့ နေရာမှာရှိပါတယ်။ကပစ(၁၆)အနီးနဲ့ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာမဟာမိတ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က မတ်လအတွင်း သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေမှာBPLAအပြင် ဧရာဝတီတိုင်းက PDFတပ်ရင်းအချို့ ၊CDF အရှိုး စတဲ့​တော်လှန်​ရေးတပ်တွေလည်းပူး​ပေါင်း ပါဝင်တိုက်ခိုက်နေပါတယ်။

ကပစ(၁၆)အပြင် AA နဲ့ မဟာမိတ်တွေက ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အခြေစိုက် ကပစ(၆)ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်တဲ့စစ်ရေးပေါ်ဆောင်နေတယ်လို့ သိရပါတယ်။ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တို့နဲ့ဆက်စပ်နေတဲ့ မကွေးတိုင်း ငဖဲမြို့နယ်ထဲက ပကစ(၁၄)ကိုလည်း ပြီးခဲ့တဲ့ဧပြီလ၂၀ရက်နေ့မှာ ချင်းကာကွယ်ရေးတပ် – အရှို( CDF – Asho )ကရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ကာကွယ်ရေးပစ္စည်းသိုလှောင်ရုံနဲ့ထုတ်လုပ်ရေးစက်ရုံ နေရာ တွေကို ဦးတည် ပစ်ခတ်ခဲ့ပြီးအဆောက်အအုံ အချို့ ထိခိုက်ပျက်စီးသလို ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးနဲ့အခြားအဆင့်နှစ်ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးလည်း ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ CDF – Ashoဟာ AA နဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကိုတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖြစ်ပါတယ်။

အလားတူ AAနဲ့ မဟာမိတ်တွေ ဖော်ဆောင်နေတဲ့တိုက်ပွဲတွေအနက် အခုရက်ပိုင်းမှာ ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ကအမြောက်တပ်(၃၄၄)ကို ဦးတည်တဲ့တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။ ဇွန်လအတွင်းတိုက်ပွဲတွေထဲမှာ ရေကြည်မြို့နယ်ထဲက စစ်ကောင်စီစခန်းနှစ်ခုကိုလည်း သိန်းယူနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။

စစ်တပ်မှာကပစစက်ရုံ ၂၅ ခုရှိပြီးပန်းတောင်းမြို့နယ်အပါအဝင် ပဲခူးတိုင်းထဲမှာ ၇ရုံ၊ မကွေးတိုင်းမှာ ၁၅ ရုံ၊ ပဲခူးနေပြည်တော်(တပ်ကုန်း)မှာ ၂ ရုံ၊ ရန်ကုန် (တိုက်ကြီး)မှာ ၁ ရုံ ရှိပါတယ်။ အာဏာရှင်ဟောင်းဦးသန်းရွှေက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့မိုင်ပေါင်းရာချိန်ဝေးတဲ့ဒေသတွေမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ AAနဲ့မဟာမိတ်‌တွေကတော့ ရခိုင်ရိုးမကိုကျော်ဖြတ်ပြီး ကပစ တွေကို ရှင်းလင်းဖို့ စစ်ရေးဖော်ဆောင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

Facebook