Connect with us

Hi, what are you looking for?

ဘာသာပြန်ဆောင်းပါး

စစ်တပ်ရွေးကောက်ပွဲဟာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စနစ်တကျပိတ်ဆို့တားဆီးဖို့ ဖြစ်လို့ ပိုညီညွတ်စွာတုန့်ပြန်ဖို့ CRPHဥက္ကဋ္ဌ တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျပိတ်ဆို့ တားဆီးဖို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

၂၀၂၅က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆိုင်ရာဆွေးနွေးပွဲပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ တက်ရောက်စဉ်။ ဓာတ်ပုံ - CRPH

ဖေဖော်ဝါရီ-၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျပိတ်ဆို့ တားဆီးဖို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၂ရက်မှာ ကျင်းပတဲ့ (၇၉)နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားမှာ မှာ ဦးအောင်ကြည်ညွန့်က အခုလို ပြောကြားခဲ့တာပါ။

“လူထုကိုယ်စားပြုမှု အနည်းငယ်သာရှိပြီးတော့ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ဟန်ပြ အပြောင်းအလဲတွေ လုပ်ပြီးတော့ တိုင်းပြည်အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလုပ်ရပ်ဟာ ကျနော်တို့ ကာလရှည်မက်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျ ပိတ်ဆို့တားဆီးဖို့လည်းဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့အနေနဲ့ အရင်ကထက် ပိုမိုညီညွတ်ပြိး ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့် စစ်အာဏာရှင်စနစ်အောက်က တိုင်းပြည်ထာ၀ရ လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားဖို့လိုအပ်ပါတယ်” ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး တိုင်းပြည်ဟာ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးကွာ နေအုံးမှာ ဖြစ်သလို ပြည်သူလူထုကို ဒုက္ခတွင်းထဲက ရုန်းထွက်စေနိုင်မှာ မဟုတ်ဘူးလို့လည်း CRPH ဥက္ကဋ္ဌက ပြောပါတယ်။

တကျော့ပြန်အာဏာသိမ်းမှု ၅နှစ်အတွင်းမှာ စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေအကြား ပုံစံမျိုးစုံ သွေးခွဲမှုတွေရှိခဲ့ပေမယ့် လက်ရှိထိ ညီညွတ်မှု မြဲနေသလို ပူးပေါင်းဆောင်ရွက်မှု တိုးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ဒါပေမဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ့်လမ်းကြောင်းဟာ လွယ်ကူကူမှာ မဟုတ်သလို မြန်ဆန်မှာလည်း မဟုတ်ဘူးဆိုတာ အားလုံးလက်ခံထားပြီးဖြစ်မယ်ထင်ကြောင်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

“တိုင်းပြည်ကို လက်နက်အားကိုးနဲ့ကြီးစိုးချယ်လှယ်ခွင့်ရခဲ့ကြတဲ့ စစ်အာဏာရှင်တွေဟာ ဖက်ဒရယ်ဆိုတဲ့ စကားလုံး ဒီမိုကရေစီဆိုတဲ့ စကားရပ်ကို လူကြားကောင်းအောင် ပြောတက်ကြတဲ့ သူတွေဖြစ်ပြီး ဖက်ဒရယ်အရေး ဒီမိုကရေစီအရေး ကြိုးပမ်းသူများကို အားနည်းအောင် ဆက်မလုပ်နိုင်အောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်ခွင့်ရနေကြတုန်းပဲဖြစ်ပါတယ်။ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် စစ်အာဏာရှင်တွေ ရှိနေသေးသရွေ့ ကြီးမားတဲ့ ပိတ်ဆို့မှု အဟန့်အတားတွေ ရှိနေမှာ ဖြစ်သလို ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့အတွက် စစ်အာဏာရှင်တွေကို လုံး၀ ဖြိုချနိုင်ဖို့ဟာ အရေးကြီးဆုံးဖြစ်တယ်ဆိုတာ အားလုံးလက်ခံထားကြပြီးဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်” လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ကတိမတည်ခဲ့တဲ့အပြင် တရားဥပဒေ အထက်မှာ နေထိုင်ခဲ့ပြီးတော့ တရားဥပဒေကို လေးစားလိုက်နာမှု မရှိတဲ့ စစ်အာဏာရှင်တွေ ကြီးစိုးခွင့်ရနေသမျှ ဖက်ဒရယ်အိပ်မက်ဟာ အလှမ်းဝေးကွာနေအုံးမှာပဲဖြစ်ပါတယ်လို့လည်း ပြောပါတယ်။

မနေ့က အခမ်းအနားမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလလည်း တက်ရောက်ခဲ့ရာစစ်အာဏာရှင်စနစ်ချိုးဖျက်ပြီး ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် ပေါင်းစည်းခေါင်းဆောင်ကြဖို တိုင်းရင်းသားခေါင်းဆောင်တွေကို အထူးမေတ္တာရပ်ခံ တိုက်တွန်းခဲ့ပါတယ်။

လွတ်လပ်ခွင့်နဲ့ တရားမျှတခွင့်နဲ့ တန်းတူမျှတမှုတွေဖြစ်ထွန်းတဲ့ ခေတ်သစ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ဆောက်ရေးကို အတူတကွ တက်လှမ်းနိုင်ဖို လိုအပ်ကြောင်း အသိပေးပါတယ်။

ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် သန်းနဲ့ချီတဲ့ ပြည်သူလူထုကြီးတရပ်လုံးရှိထားပြီးဖြစ်လို့ သက်ဆိုင်ရာလူမျိုးစုခေါင်းဆောင်အသီးသီးက အမြှော်အမြင်ကြီးကြီး သဘောထား ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပေါင်းစည်းခေါင်းဆောင်နိုင်ကြဖို့ ယာယီသမ္မတက တိုက်တွန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာရှင်တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရသူတွေ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့သူတွေကို ဦးညွှတ်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်ထေင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့က ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ကျဆုံးခြင်း နှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့ ဖော်ပြပါတယ်။

အတွေးအမြင်

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ညီညွတ်စွာလုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ခေါင်းဆောင်တွေက ပြောကြားပါတယ်။

သတင်း

ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့က သီးခြားစီသဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဘုံရန်သူကို ချေမှုန်းနိုင်ဖို့ လိုအပ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

Facebook