Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ပလက်ဝမြို့နယ်ကို သုံးရက်ဆက်လေယာဉ်အုပ်နဲ့ ဗုံးကြဲ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်၀မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ် အုပ်လိုက်နဲ့ သုံးရက်ဆက်ဗုံးကြဲခဲ့တာ​ကြောင့် အရပ်သား၊ ထိခိုက်သေဆုံးမှုတွေ ဆယ်နဲ့ချီ ရှိနေပါတယ်။

(စစ်တပ်က ပလက်ဝမြို့နယ် ၊စိမ့်ညှင်းဝရွာကိုဗုံးကြဲခဲ့တာ​ကြောင့် က​လေးငယ်​တွေစာသင်​နေတဲ့ ဘုန်းကြီး​ကျောင်းကိုထိမှန်ပျက်စီး​နေစဥ်။ ဘုန်းကြီး​ကျောင်းကိုဗုံးကြဲတာ​ကြောင့် က​လေးငယ်အပါအဝင် ၅ ဦး​သေပြီး ၁၇ ဦးဒဏ်ရာရခဲ့ပါတယ်။ ဓါတ်ပုံ-AA Infodesk )

ဩဂုတ်-၂၆၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်၀မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ် အုပ်လိုက်နဲ့ သုံးရက်ဆက်ဗုံးကြဲခဲ့တာ​ကြောင့် အရပ်သား၊ ထိခိုက်သေဆုံးမှုတွေ ဆယ်နဲ့ချီ ရှိနေပါတယ်။

ဩဂုတ်လ ၂၆ ရက် ညနေ လေးနာရီကျော်လောက်က ပလက်၀မြို့နယ် မီးဇာရွာနဲ့အနီးပတ်ဝန်းကျင်ကိုဂျက်ဖိုက်တာ ၅စီး ၊Y-12​လေယာဥ် ၂ စီးတို့နဲ့ ထပ်မံဗုံးကြဲခဲ့ပါတယ် ။ဗုံးကြဲမှု​ကြောင့်ထိခိုက်​သေဆုံးမှုရှိ၊မရှိကိုတော့ မသိရ သေးပါဘူး။

“ရွာနားတွေကို ပတ်ပြီးပစ်နေခဲ့တာ၊ ရွာသားတွေ ပြေးနေကြရတယ်လို့တော့ သိရတယ်။ အထိအခိုက်တွေ သေချာ မသိရသေးဘူး” လို့ ပလက်၀ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးဇာကျေးရွာဟာပလက်၀မြို့နယ်အထက်ပိုင်းကုလားတန်မြစ်ဖျားမှာတည်ရှိပြီး အာဏာသိမ်းစစ်တပ်အထိုင်ချခဲ့တဲ့တရွန်အိုင်ဗျူဟာအနီးက ရွာကြီးတရွာဖြစ်ပါတယ်။

ဩဂုတ်လ၂၅ ရက်ညကလည်း ပလက်၀မြို့နယ် ရွှေလိုက်ဝရွာအနီးဝန်းကျင်ကို စစ်တပ်က ဗုံးကြဲခဲ့ပြီး မရာလဲန်းကာကွယ်ရေးတပ် (MDF)စစ်သင်တန်းကျောင်းမှ သင်တန်းသား ၅ ဦးကျဆုံးကာ ထိခိုက်ဒဏ် ရာရသူတွေ လည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ပလက်၀မြို့နယ် စိမ့်ညှင်းဝရွာကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပြီး ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်းနဲ့ ရွာထဲကိုကျရောက်ပေါက်ကွဲကာ ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါသေးတယ်။

စစ်တပ်ဟာAAထိန်းချုပ်ထားတဲ့ရခိုင်နဲ့ ပလက်ဝတို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေ ပြီးအရပ်သားထိခိုက်သေဆုံးမှုဟာလည်း မြင့်တက်လာနေတာပါ။ ဒါ​ကြောင့် AA ကစစ်တပ်ရဲ့ အောက်တန်းကျတဲ့အဲဒီလုပ်ရပ်တွေအပေါ် မှတ်တမ်းတင်ထားကာ တုံ့ပြန်သွားမယ်လို့ ထုတ် ပြန်၊ သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲမှု၊ပစ်ခတ်မှု​တွေကြောင့်အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦးဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က အင်အားအများအပြားဖြည့်တင်းခုခံ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၅ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ နေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲမှုတွေပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်အဖြစ် စစ်သားတွေကို လိမ်ညာ‌နေကြောင်း ပြည်သူ့ပန်းတိုင်က စစ်ကောင်စီတပ်တွင်းက အောက်ခြေစစ်သည်တွေကို သတိပေးပါတယ်။