Connect with us

Hi, what are you looking for?

သတင်း

ရုရှားရင်းနှီးမြှုပ်နှံနိုင်တဲ့ထားဝယ်အထူးစီးပွားရေးဇုန်တဝိုက်မှာ စစ်ကြောင်းထိုးမှုတွေ စစ်တပ် အရှိန်မြှင့်

မြန်မာနိုင်ငံတောင်ပိုင်းမှာ ရုရှား ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာနိုင်တဲ့ အဓိက စီးပွားရေးဇုန် စီမံကိန်း နေရာကို အပြည့်အဝ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းမြန်မာစစ်တပ်က အင်အား အလုံးအရင်းနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။

သြဂုတ် – ၂၂ ၊၂၀၂၆

မြန်မာနိုင်ငံတောင်ပိုင်းမှာ ရုရှား ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာနိုင်တဲ့ အဓိက စီးပွားရေးဇုန် စီမံကိန်း နေရာကို အပြည့်အဝ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းမြန်မာစစ်တပ်က အင်အား အလုံးအရင်းနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။

တနင်္သာရီတိုင်းထဲက ထားဝယ် စီးပွားရေးဇုန် သတ်မှတ်နေရာနဲ့ အနီးတဝိုက် ဧရိယာတွေကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်ဟာ အင်အားရာနဲ့ချီ ဖြန့်ကျက်ထားပြီး စစ်ကြောင်းထိုးမှုတွေ အရှိန်မြှင့်နေကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် စီမံကိန်းနယ်မြေ တဝိုက်က ကျေးရွာတွေကို မီးတင်ရှို့တာ၊ လမ်းကြောင်းတွေကို ဖြတ်တောက် ပိတ်ဆို့တာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေကို ကိုးကားပြီး Reutersက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကပ္ပလီပင်လယ်နဲ့ ထိစပ်နေမယ့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ရေနက်ဆိပ်ကမ်း တစ်ခုနဲ့ ဓာတ်အားပေး စက်ရုံတစ်ခုလည်း ထည့်သွင်းတည်ဆောက်မှာ ဖြစ်ပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်ဟာ အခုအခါမှာတော့ အဲဒီနယ်မြေတွေက တော်လှန်ရေး အဖွဲ့တွေကို အင်အားသုံး ဖြိုခွင်းရှင်းလင်းပြီး နယ်မြေစိုးမိုးမှု ပြန်ယူဖို့ အမြင်သာဆုံး လှုပ်ရှားမှုမျိုးတွေ ပြသလာနေပါတယ်။

အခုလထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုင်းနိုင်ငံ အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ချိန် အတောအတွင်း ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းဟာ အာရှတောင်ပိုင်းနဲ့ အနောက်ပိုင်း နယ်မြေတွေကို အရှေ့တောင်အာရှနဲ့ ဆက်စပ်ပေးမယ့် တံခါးပေါက်တစ်ခု ဖြစ်လာနိုင်ကြောင်း ရည်ညွှန်းခဲ့ပါတယ်။

ဒါအပြင် အခုသီတင်းပတ်၊ ရုရှားနိုင်ငံ မော်စကို မြို့တော်ခရီးစဉ်မှာလည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အဲဒီစီမံကိန်း ကိစ္စတွေ ကို မြန်မာအာဏာသိမ်းခေါင်းဆောင် က ဆွေးနွေးခဲ့ပါတယ်။

မင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဉ် နှစ်ခုနဲ့ တိုက်ဆိုင်ပြီး ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း တဝိုက်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေ ပိုပြီး ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။

စစ်တပ်က ခန့်အပ်တဲ့ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဇော်နိုင်ဦးက အခုသီတင်းပတ် အစည်း အဝေး တစ်ခုမှာတော့ ထားဝယ် ရေနက်ဆိပ်ကမ်းကြောင့် ကုန်စည် တင်ပို့မှုတွေဟာ သမားရိုးကျ မလက္ကာ ရေလမ်းကြောင်းကို အသုံးပြုနေတာထက် လေး ရက်ကနေ ခြောက် ရက် အချိန်စော ပြီးမြောက်နိုင်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီစီမံကိန်းမှာ ရုရှား ကုမ္ပဏီတွေကလည်း ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိနေပြီး အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေ အများကြီးကို ဖန်တီးလာနိုင်မှာ ဖြစ်တယ်လို့ ရုရှား ဝန်ကြီးချုပ် မစ်ခေးလ် မစ်ရှူစတင်းကလည်း မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ မှတ်ချက်ပေးခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာစစ်တပ်ဟာ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေကို အရှိန်မြှင့် လုပ်ဆောင်နေပြီး ကျေးရွာတချို့နဲ့ အိမ်တွေကို မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ သတင်းရင်းမြစ် တစ်ဦးကတော့ စစ်သားတွေဟာ အနည်းဆုံး ကျေးရွာသုံးခုကို မီးရှို့ဖျက်ဆီးခဲ့သလို ဇူလိုင်လဆန်းတုန်းက စစ်ရှောင်တွေကို အကူအညီပေးနေသူ ၃ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ပြောကြားထားပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီ ပေးပို့တဲ့ မွေးနေ့ ဆုမွန်ကောင်းတောင်း သဝဏ်လွှာမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက သူ့ရဲ့ အစိုးရဟာ ရုရှားကို မယိမ်းမယိုင် ဆက်လက် အားပေး ထောက်ခံနေမယ်လို့ ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ ပလိပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေ ကျင့်သုံးနေရတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ ရုရှားက ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ မြန်နှုန်းအမြင့်ဆုံး ပျံသန်းနိုင်တဲ့ ဖောက်ခွဲရေး ဒရုန်းကို ယူကရိန်းရဲ့ မြေပြင်အခြေစိုက် အလိုအလျောက် စနစ်သုံး လေကြောင်းကာကွယ်ရေး စက်သေနတ်က ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားမှာ ဓာတ်ခွဲခန်း မတော်တဆမှု တစ်ခုကနေ အဆုတ်ရောင် ပလိပ်ရောဂါနဲ့ သေဆုံးတဲ့ ဖြစ်စဉ်တစ်ခုကို အထူး ဂရုစိုက် စောင့်ကြည့်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

Facebook