Connect with us

Hi, what are you looking for?

သတင်း

မင်းလှသွားတဲ့စစ်​ကြောင်းကို​တော်လှန်​ရေးတပ်တိုက်ခိုက် ၊စစ်တပ်အထိနာပြီးစစ်ကားတစ်စီးသိမ်းရ

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ မင်းလှမြို့နယ် ရှမ်းတပ်စခန်းကို လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး စစ်ကားတစ်စီး၊မီးစက်တစ်လုံးနဲ့ စစ်သုံးပစ္စည်း​​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ကထုတ်ပြန်ပါတယ်။

(စစ်တပ်စစ်​ကြောင်းဆီက ကား၊ မီးစက်နဲ့စစ်သုံးပစ္စည်း​တွေကို သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-USBA )

ဩဂုတ်-၂၇၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ မင်းလှမြို့နယ် ရှမ်းတပ်စခန်းကို လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး စစ်ကားတစ်စီး၊မီးစက်တစ်လုံးနဲ့ စစ်သုံးပစ္စည်း​​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ကထုတ်ပြန်ပါတယ်။

စစ်တပ်စစ်ကြောင်းတွေနဲ့ ​တော်လှန်​ရေးတပ်​တွေကြားသြဂုတ်လ ၂၀ ရက်ကနေဩဂုတ်လ ၂၆ ရက်ထိ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အင်အား (၁၀၀) ၀န်းကျင်ပါတဲ့ ပထမစစ်ကြောင်းဟာဩဂုတ်၂၃ရက်ညမှာစစ်ကြောင်းပျက်ပြီး ၂၀ ကျော်သေကာ ၃၀ ၀န်းကျင် ထိခိုက်ခဲ့တယ်လို့ ​တော်လှန်​ရေးတပ်​တွေကထုတ်ပြန်ပါတယ်။စစ်တပ်စစ်ကြောင်သေဆုံးထိခိုက်မှုအ​ခြေအ​နေကို လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်​ကြောင်းအထိနာတာလေကြောင်း၊လက်နက်ကြီး၊ဒရုန်း မျိုးစုံဖြင့်ကာပစ်ပေးပြီးကျောက်တိုင် အထိုင်စခန်းကို ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြပါတယ်။အဲဒီစစ်ကြောင်းဆီကဖောကားတစ်စီး၊မီးစက်နဲ့ ခဲယမ်း တချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ​ဓါတ်ပုံ​တွေနဲ့တကွဖော်ပြထားပါတယ် ။

အဲဒီ​နောက် ဩဂုတ်၂၄ ရက်မှာမင်းတုန်းဘက်က အင်အားထပ်မံဖြည့်တင်းပြီး အင်အား၂၀၀ ၀န်းကျင်နဲ့စစ်ကြောင်းထပ်မံထိုးပြီးကျောက်တိုင်အထိုင်စခန်းမှ ရှစ် မိုင် အကွာက ရှမ်းတပ်စခန်းကို သုံး ရက်အကြာဩဂုတ်လ၂၆ရက်ညနေ မှ ၀င်ရောက်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

“စစ်ကြောင်းတွေက လူချိန်း၊ထောက်ပို့ နှစ်မျိုးဖြစ်မယ်ထင်တယ်”ဗမာပြည်ကာကွယ်ရေးတပ် – USBA ပြန်ကြား ရေးတာ၀န်ခံ ကိုသာချို က ပြောပါတယ်။

စစ်ကြောင်း ရှေ့တိုးတာ၊နောက်ပြန်ဆုတ်တာတွေ ရှိလာနိုင်တာ‌ကြောင့်ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံစေဖို့ လိုအပ်တာတွေ ပြင်ဆင်ထားကြဖို့ လည်း USBA က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

အင်းတော်နဲ့ ဝန်းသိုမြို့နယ်ကြားမှာရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်နေပြီး တိုက်ပွဲဧရိယာနဲ့မဆိုင်တဲ့ နေရာတွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သားထိခိုက်မှုတွေ ဆက်ရှိနေတယ်လို့သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ဦး သေဆုံးပြီး နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

အင်းတော်မြို့နယ်၊မဲဇာရွာကထွက်လာတဲ့စစ်တပ်စစ်ကြောင်းဟာလေကြောင်း ပစ်ကူယူပြီး ဝန်းသိုမြို့နယ်ဘက်က်ို ဦးတည်နေတယ်လို့ သတင်းရရှိပါတယ်။