Connect with us

Hi, what are you looking for?

သတင်း

မင်းဘူးမြို့နယ်တွင် အရပ်သားဟန်ဆောင်သွားလာသည့် စစ်ကောင်စီတပ်သားများ၏ယာဥ် တိုက်ခိုက်ခံရပြီး လေးဦးသေဆုံး

စစ်ကောင်စီတပ်သားများ၏ ယာဥ်သည် မင်းဘူးမြို့နယ်မှ ထွက်လာခြင်းဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်က တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ​၏ ယာဉ်တန်း။ ဓာတ်ပုံ - အီးပီအေ)
(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ​၏ ယာဉ်တန်း။ ဓာတ်ပုံ - အီးပီအေ)

စောနွေဦး/People’s Spring

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း မုံရွာ – ပုသိမ်လမ်းပိုင်း၌ အရပ်ဝတ်များဖြင့် အရပ်သားဟန်ဆောင်လာသည့် စစ်ကောင်စီတပ်ယာဥ်အား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးကြောင်း မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့ကို စစ်ကူသွားသည့် စစ်ကောင်စီတပ်သားများ၏ယာဥ်အား ကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ ပျက်စီးသွားသည့်ယာဥ်များအား ကရိန်းဖြင့်ဆွဲယူရန် စစ်ကောင်စီတပ်သား ခုနစ်ဦးက အရပ်ဝတ်ဖြင့် သွားလာခြင်းဟု အဆိုပါတပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

” သူတို့က အင်အား ခုနစ်ယောက်နဲ့ အမ်းဘက်မှာ ပျက်စီးသွားတဲ့ ကားကိုဆွဲဖို့ ကရိန်းကားအဖြူနဲ့သွားတာကို သတင်းရလို့ ကြိုပြီးတိုက်ခိုက်လိုက်တာပါ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ကောင်စီတပ်သားများ၏ ယာဥ်သည် မင်းဘူးမြို့နယ်မှ ထွက်လာခြင်းဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်က တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တော်လှန်ရေးတပ်များက မင်းဘူးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများဆောင်ရွက်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများ၊ရဲများနှင့် အဝေးရာမှ နေထိုင်ကြရန်နှင့် ၎င်းတို့အနီးအနားသွားခြင်းမပြုရန်လည်း မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

စစ်တပ်အခိုင်မာတပ်စွဲထားတဲ့ မင်းဘူး(စကု)မြို့က ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားတွေ မိသားစုလိုက်သေဆုံးခဲ့ရတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။