Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေတဲ့ ထိုင်းအစိုးရကို ကန့်ကွက်ကြောင်း တောင်ကိုရီးယားရောက်မြန်မာတွေ ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ - MFDMC

သြဂုတ် ၁၉၊၂၀၂၆။သုည/People’s Spring

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

တောင်ကိုရီးယားရောက်မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်စနစ် ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိရေးအတွက် တံခါးဖွင့်ပေးခြင်းတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ မြန်မာပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်​တွေကို ထိုင်းနိုင်ငံခရီးစဉ်မှာ လက်ခံတွေ့ဆုံခြင်းတို့ကို ပြင်းထန်စွာကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရရဲ့လုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာကိုလည်း ထိုင်းသံရုံးသို့ တရားဝင်ပေးပို့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းအစိုးရအနေနဲ့ ပြည်သူလူထုကို နေ့စဥ် ဖိနှိပ်သတ်ဖြတ်နေတဲ့ မြန်မာစစ်ခေါင်းဆောင်​တွေ ဖိတ်ကြားခြင်းကို ချက်ချင်း ရပ်တန့်ဖို့၊ ထိုင်းနိုင်ငံ အပါအဝင် အာဆီယံအနေနဲ့ မြန်မာပြည်သူတွေရဲ့ သွေးနဲ့မျက်ရည်ကို မျက်ကွယ်ပြုထားတဲ့ သွေးစွန်းနေသော စစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကို ချက်ချင်း ဖြတ်တောက်ဖို့၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနဲ့ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးပြီး မြန်မာပြည်သူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပိုမိုထိတွေ့ပြီး ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

သတင်း

စူပါအယ်လ်နီညိုကြောင့်မြန်မာနိုင်ငံမှာလည်း​ခြောက်လအတွင်း (၂၀၂၆ ဇွန်လက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီ လအထိ)လူ​ပေါင်း (၁၂၀၀ ​) ဝန်းကျင်​သေဆုံးနိူင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab ကခန့်မှန်းတွက်ချက်ထားပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ လုံးဝ မပတ်သက်ကြောင်း မြောက်ကိုရီးယား အစိုးရက ငြင်းဆိုခဲ့ပါတယ်။

ဆောင်းပါး

ပြည်ပရောက် အတိုက်အခံနဲ့ CDM များကို စစ်အုပ်စုက ခြေရာခံပုံ

Trending

Facebook