Connect with us

Hi, what are you looking for?

သတင်း

သန်းခေါင်စာရင်းကောက်ယူရန် မင်းဘူးမြို့တွင် Non CDM ကျောင်းဆရာမများကို စစ်ကောင်စီသင်တန်းပေးနေ

သန်ခေါင်းစာရင်းကောက်ယူရာတွင် ပါဝင် သူများအရေးယူမည်ဟု မင်းဘူးခရိုင် PDF တပ်ရင်း သတိပေး

သန်းခေါင်းစာရင်းကောက်ယူမည့် စစ်ကောင်စီထောက်တိုင်ဝန်ထမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - စကစ

စောနွေဦး/People’s Spring

သန်းခေါင်စာရင်းကောက်ယူရန် မင်းဘူးမြို့တွင် Non CDM ကျောင်းဆရာမကို စစ်ကောင်စီက သင်တန်းပေးနေကြောင်း ဒေသခံများက ပြောသည်။

နိုင်ငံအနှံ့ရေကြီးမြေပြိုမှုဖြစ်နေချိန်တွင် စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်ကြိုးစားနေပြီး လာမည့် အောက်တိုဘာ ၁ရက်တွင် သန်းခေါင်စာရင်းကောက်ယူမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

“မင်းဘူးက ခရိုင်မြို့ဆိုတော့ မင်းဘူး အထက(၂)ထဲမှာ ကျောင်းဆရာမတွေကို ဒီလကုန်အပြီးဆိုပြီး သင်တန်းပေးနေတယ်။”ဟု မင်းဘူးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိကောက်ခံမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

“စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ်လုပ်မယ့် ဒီသန်းခေါင်စာရင်းကောက်တာကို မင်းဘူးမြို့နယ်ထဲမှာ လက်ခံမှာမဟုတ်ပါဘူး။ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ ဘယ်ဝန်ထမ်းမဆို အရေးယူသွားမှာဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးထားလိုပါ”ဟု မင်းဘူးမြို့နယ်၊အခြေစိုက် မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းတာဝန်ရှိသူက ပြောသည်။

ထို့အပြင် မင်းဘူးခရိုင်အတွင်း မြို့နယ်များဖြစ်သည့် စလင်း၊ပွင့်ဖြူမြို့နယ်တို့မှ ကာကွယ်ရေးတပ်များကလည်း စစ်ကောင်စီ၏ သန်းခေါင်းစာရင်းကောက်ခံမှုများကို လက်ခံမည် မဟုတ်ကြောင်း အသီးသီးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မုတ္တောကြီးကျေးရွာက မသန်စွမ်းအမျိုးသမီး ၁ဦး နဲ့ ကလေးငယ် ၁ဦးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်အခိုင်မာတပ်စွဲထားတဲ့ မင်းဘူး(စကု)မြို့က ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

သတင်း

လက်နက်ခဲယမ်း​တွေသိမ်းဆည်းရရှိပြီး ၊စစ်ကားတစ်စီးကိုဖျက်ဆီး

Facebook