Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်ရှိ ပျူစောထီးကင်းစခန်းကို တော်လှန်ရေးအဖွဲဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မြင်းချင်းကျေးရွာရှိ ပျူစောထီးကင်းစခန်းကို တော်လှန်ရေးအဖွဲဲ့များ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

(ရွှေဘို ပကဖရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ရွှေဘို ပကဖ)
(ရွှေဘို ပကဖရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ရွှေဘို ပကဖ)

ဇေအောင်/People’s Spring

ယမန်နေ့(နိုဝင်ဘာ ၂၁ရက်)နံနက်က ရွှေဘိုမြို့နယ်ရှိ ပျူစောထီးအင်အားကောင်းရာ မြင်းချင်းကျေးရွာ၏ကင်းစခန်းအား ဝင်ရောက် ပစ်ခတ်ရာ ပျူစောထီးတစ်ဦး သေဆုံးကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၏ တာဝန်ရှိသူက ပြောသည်။

“ပျူစောထီး ကျော်လွင်ဆိုတဲ့ကောင်​သေတယ်။

ကျန် သုံးကောင်က ထွက်ပြေးသွားတယ်။”ဟု ရွှေဘိုပကဖ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် လက်နက်ရရှိခြင်းရှိ၊မရှိကိုမူ တော်လှန်ရေးအဖွဲ့များက အသိပေးခြင်းမရှိသေးပေ။ သို့သော် စစ်ဆင်ရေးအား ရွှေဘိုမြို့နယ်ပကဖ နှင့် ရွာခံပကဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်ကလည်း မြင်းချင်းကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းအား တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် ရာ နှစ်ဘက်ထိခိုက်မှုရှိခဲ့သည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲထားသည့် မြင်းချင်းရွာ​ကို ၂၀၂၃ ဒီဇင်ဘာကလည်းတိုက်ခိုက်ခဲ့ရာ ပျူစောထီးမိသားစုဝင် ၆၀ ဝန်းကျင် ဖမ်းဆီးရမိခဲ့ဖူးသည်။

သို့သော် ယခုနှစ်ဆန်းပိုင်းတွင် စစ်ကောင်စီတပ်က မြင်းချင်းရွာ၌ ပြန်လည်တပ်စွဲခဲ့၍ တော်လှန်ရေးတပ်ဖွဲ့များက သုံးကြိမ်ထက်မနည်း ထပ်မံတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။