Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ပျူစောထီးတွေသောင်းကြမ်းနေကြောင်းဝေဖန်ခံရပြီးနောက် အချင်းချင်းအရေးယူမယ်လို့ ရဲမွန်တောင်ပျူခေါင်းဆောင် ဆို

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

(ပျူစောထီးတွေနဲ့ နေမျိုးကျော် အတူတွေ့ရစဉ်။ ဓာတ်ပုံ - Screengrab)

စက်တင်ဘာ-၇၊၂၀၂၆၊ရှိန်း/People’s Spring

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

မန္တလေးမြို့တွင်းမှာ ပေါ်တာဆွဲမှု၊ရိုက်နှက်လုယက်မှုနဲ့ဓားပြမှု၊လမ်းပေါ်မှာ ကိုယ့်သဘောနဲ့ကိုယ်စစ် ဆေးမှုတွေကြောင့် နာမည်ဆိုးတွေ ဆက်တိုက်ထွက်လာပြီးတဲ့နောက် စစ်တပ်ထောက်ခံသူတွေက အချင်းချင်းဝေဖန်မှုတွေဖြစ်လာတာလို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော်က မန်တလေးမြို့မှာ ပျူစောထီးတွေ သောင်းကြမ်းနေတယ်လို့ ဝေဖန်ထားတာပါ။

Public Service Announcement

Public Service Announcement

စစ်တပ်ထောက်ခံသူ ကျော်စိုးဦးကလည်း “မန္တလေးမြို့မှာ ယူနီဖောင်းဝတ်ပြီး မြို့ထဲပွိုင့်ကားဖွင့် မောင်း နေတဲ့ကောင်တွေ မြင်းခြံဘက်သွားတိုက်လေ”လို့ ပြောဆိုခဲ့ပြီး ပေါက်ကိုယ်ရင်ကပါ ထပ်မံ ဝေဖန် ပြောဆိုခဲ့တာပါ။

မြေယာအမှု ၊ကျောက်ဝိုင်းလုယက်မှုနဲ့ စင်တင်တွေအများအပြားဖွင့်ကာ နာမည်ဆိုးထွက်နေတဲ့ ပြည်ကြီးတံခွန်က ပျူစောထီးတွေကို ပေါက်ကိုယ်တော်က ပြောဆိုခဲ့တာပါ။

“လမင်းက‌ဗျာ( DJ)ခေါ်ပြီး မွေးနေ့လုပ်၊စင်တင်တွေဖွင့်ထားပြီး အဖေလုပ် နေတဲ့ကတုံးက ဝေဖန်တာ တော့ ရယ်ချင်တာပေါ့”လို့ ပျူစောထီးလူငယ်တစ်ဦးကလည်း မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။

အဲဒီနောက် ရဲမွန်တောင်ပြည်သူ့စစ်တည်ထောင်သူနေမျိုးကျော်က “အမှန်တကယ် ရှေ့တန်းမှာ တိုက်ပွဲဝင် နေတာမဟုတ်ဘဲနဲ့ ပြည်သူ့စစ်အ‌ယောင်ပြပြီး လုပ်စားနေတာဖြစ်တယ်။အဲတော့အဲဲဒီလိုဟာမျိုးတွေကိုလည်းဒီနေ့ ဒီအချိန်ကစပြီး မန္တလေးပြည်သူ့စစ်တွေသိက္ခာကျတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ စုံစမ်းမယ်၊စစ်ဆေးမယ်၊မေးမြန်းမယ်။ဖမ်းဆီးပြီး သက်ဆိုင်ရာကို ဖမ်းနိုင်ဖို့အတွက်လည်း ကျွန်တော်တို့စီမံမှာဖြစ်တယ်”လို့ ဆိုပါတယ်။

မန္တလေးမြို့မှာ တိုင်းကနေ ဖွဲ့စည်းထားတဲ့ပြည်သူ့စစ်အမည်ခံ ပျူစောထီး ၁၀ ဖွဲ့ရှိပြီး ရဲအရာရှိတွေရဲ့သား၊ G1ပိုင်တဲ့ ပျူအုပ်စု ၊ပေါက်ကိုယ်တော်ရဲ့ ပျူအုပ်စုတွေ ဆိုပြီး အများအပြားရှိတယ်လို့ သိရပါတယ်။

အဲဒီပျူစောထီးတွေဟာ ရပ်ကွက်လူမိုက်တွေနဲ့ဖွဲ့စည်းထားတာကိုလည်းနေမျိုးကျော်က ဝန်ခံထားပါတယ်။

“အမှန်တကယ် တိုက်ပွဲဝင်ဖို့ဆို သေချာတယ်။ဘယ်လူကြီးသားသမီး‌‌‌ ရှေ့တန်းလိုက်မှာတုံး။ဘယ်လူကြီး သားသမီးပြည်သူ့စစ်ဆိုပြီး တရားဝင်ပြည်သူ့စစ်မဟုတ်ဘဲ နိုင်ငံတော်က နေပြီးမှ သေသွားရင် ဘာမှလုပ်ဆောင် ပေးမှာမဟုတ်ဘဲနဲ့ လိုက်ပြီး တိုက်မယ့်ကောင်ဘယ်လူကြီးသားသမီးတိုက်မှာလဲ။ဘယ်သူဌေးသားသမီးတိုက်မှာလဲ။ဒီဇိုးတွေပဲတိုက်မှာပဲလို့”ထပ်မံ ပြောဆိုထားပါတယ်။

မန္တလေးမှာ ပျူစောထီးအဖွဲ့အစည်းအများအပြားရှိကာ စစ်တပ်နဲ့ပေါင်း လောင်းကစားဝိုင်းအများအပြားဖွင့်ထားပြီး လူသတ်မှု တွေမကြာခဏ ကျူးလွန်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်ကြီးမြို့မပျူစောထီးခေါင်းဆောင်ကိုလည်း ပေါက်ကိုယ်တော်တပည့် စံရှားအဖွဲ့က သတ်ဖြတ်လိုက်ပြီး လက်ရှိမှာ မြေယာအမှုကြောင့် စံရှားကိုစစ်တပ်က ဖမ်းဆီးထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မနေ့က မန္တလေးမြို့မှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲ လူနှစ်သောင်းကျော် လာရောက်အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ တချို့ဆို လူများလွန်းလို့ ရာသီဥတုကလည်း ပူနေတာကြောင့် မူးလဲတာတွေအထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ အတော်​လေး အောင်မြင်ခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့ကနေဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စုဟာ ကျောက်မြောင်းနဲ့ ရှိမ်းမကား ဒေသရောက်ရှိနေကြောင်း ဒေသတွင်း​ကင်း​ထောက်အဖွဲ့တွေက ပြော​ပါတယ်။