Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့အနီးတိုက်ပွဲအတွင်း ဖမ်းဆီးမိသည့် စစ်သား ငါးဦးအား ဆေးကုပေးပြီးကောင်းမွန်စွာထိန်းသိမ်းထားဟု KNDF အသိပေး

ဆေးကုသမှုခံယူနေသည့် စစ်သုံ့ပန်း ခလရတပ်သား ဖိုးထူး၊ဇော်လင်းဖြိုး တပ်သားနှင့် မျိုးသက်မင်း တို့ သုံးဦးသည် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစည်းရုံးမှုကြောင့် စစ်တပ်အတွင်း ခေါ်ဆောင်ခံရသူများဟု ထွက်ဆိုသည်။

(ဖမ်းမိထားသည့် စစ်ကောင်စီတပ်သား ငါးဦးအား ခေါ်ဆောင်လာစဉ်။ ဓာတ်ပုံ - File)
(ဖမ်းမိထားသည့် စစ်ကောင်စီတပ်သား ငါးဦးအား ခေါ်ဆောင်လာစဉ်။ ဓာတ်ပုံ - File)

ရဲခေါင်/People’s Spring

လွိုင်ကော်မြို့အနီးတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား ငါးဦးအား ဆေးကုပေးပြီး ကောင်းမွန်စွာထိန်းသိမ်းထားရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ယနေ့(ဒီဇင်ဘာ ၂ရက်) ထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ရက်တွင် လွိုင်ကော်မြို့အစပ်တနေရာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ(၆၆)လက်အောက်ခံ ခလရ(၈၀)တပ်ရင်းအား KNDF၊ကလလတ၊Loikaw Local PDF နှင့် PNDF တို့ ပူးပေါင်းချေမှုန်းတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအချို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

“စစ်ကောင်စီတပ်သား ငါးဦးကို အရှင်ဖမ်းမိခဲ့တာပါ။သူတို့ထဲက တစ်ဦးကတော့ ဆေးကုသမှုခံယူရင်နဲ့ ဖမ်းမိတဲ့နေ့ကတည်းက သေဆုံးသွားပါတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဆေးကုသမှုခံယူနေသည့် စစ်သုံ့ပန်း ခလရတပ်သား ဖိုးထူး၊ဇော်လင်းဖြိုး တပ်သားနှင့် မျိုးသက်မင်း တို့ သုံးဦးသည် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစည်းရုံးမှုကြောင့် စစ်တပ်အတွင်း ခေါ်ဆောင်ခံရသူများဟု ထွက်ဆိုသည်။

“ရှေ့တန်းကို ရောက်လာတာ နှစ်လကျော်ပါပြီ။ကိုယ့် သဘောနဲ့ကိုယ်ဝင်တာ မဟုတ်ပါဘူး။မဲနှိုက်လို့ မဲပေါက်လို့ ဝင်ရတာပါ။တိုက်ပွဲ ဖြစ်တော့ကြောက်ကြောက်နဲ့ ပစ်ရတာပါ။ထိမထိလည်း မသိပါဘူး။အဲဒါနဲ့ ဒီဘက်က အလင်းဝင်၊အလင်းဝင်ဆိုတာနဲ့ သေနတ်ချပြီး အလင်းဝင်လိုက်တာပါ”ဟု တပ်သားမျိုးသက်မင်းက ပြောသည်။

နိုဝင်ဘာ ၂၆ ရက်က လွိုင်ကော်မြို့အနီး လင်းဖုံလေးရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးထက်မနည်းသေဆုံးခဲ့ကာ အများအပြားဒဏ်ရာရ၍ စစ်ကောင်စီစစ်ကြောင်းမှာ ဖရိုဖရဲဖြင့် ဆုတ်ခွာခဲ့ရကြောင်း KNDFက အသိပေးထားသည်။

ထို့အပြင် နယ်မြေရှင်းလင်းချိန်တွင် လက်နက် ၂၀ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။