Connect with us

Hi, what are you looking for?

သတင်း

ကပစ (၃)စက်ရုံဝင်းအတွင်းသက်ငယ်မုဒိမ်းမှုစစ်ကောင်စီ ဖုံးဖိထား

ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာမှ အမှတ် (၃) ကာကွယ်​ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ -၃)ဝန်းအတွင်း စစ်တပ်မိသားစုဝင်အချင်းချင်း ကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး အဆိုပါအမှုကို စစ်ကောင်စီးကဖုံးကွယ်ရန်ကြိုးပမ်းနေသည်။

မိထက်/People’s Spring

ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာမှ အမှတ် (၃) ကာကွယ်​ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ -၃)ဝန်းအတွင်း စစ်တပ်မိသားစုဝင်အချင်းချင်း ကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး အဆိုပါအမှုကို စစ်ကောင်စီးကဖုံးကွယ်ရန်ကြိုးပမ်းနေသည်။

ကပစ(၃) ဝင်းအတွင်း နယ်မြေ(၁)လမ်း၊ (၄)ခန်းတွဲရှနေအိမ်လိုင်းခန်းတွင် မိသားစုနှင့်အတူနေထိုင်သည့် အသက် ၁၂ နှစ်ခန့် မိန်းကလေးငယ်တဦးကို ယင်းလိုင်းခန်းမှ အသက် ၈၀ကျော် အမျိုးသားက အဓမ္မပြုကျင့်ခြင်းဟုသတင်းရင်းမြစ်တဦးကပြောသည်။

“ကလေးမိဖတွေမရှိတုန်းတစ်ခန်းကျော်ကနေလာပြီးပြုကျင့်တာ။ရဲစခန်းမှာတော့အမှုဖွင့်ထားတယ်။ဒါပေမဲ့ စစ်တပ်က သတင်းကိုဖုံးဖိထားတယ်။အမှုပျောက်သွားမှာစိုးရိမ်စရာဖြစ်ပါတယ်” ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ပန်းတောင်းမြို့နယ်တွင်တိုက်ပွဲဖြစ်ပွားနေပြီး ကပစ(၃)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရှေ့တန်းသို့ ရောက်နေသလို လူအင်အားလည်းနည်းနေကြောင်း ၎င်းကပြောသည်။

“လိုင်းခန်းတွေအကုန်လုံး ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေပဲရှိတယ်။ အချင်းချင်းစောင့်ရှောက်ရမယ့်အစားလုပ်ကြံတာ” ဟုအရွယ်မရောက်သေးသည့်ကလေးငယ် အဓမ္မပြုကျင့်ခံရမှုအပေါ် မြို့ခံတစ်ဦးကပြောသည်။

အဆိုပါကလေးငယ်အားအဓမ္မပြုကျင့်သူဟုစွပ်စွဲခံရသူမှာ အသက် ၈၂ နှစ်အရွယ် ဦးဟန်ငွေဆိုသူဖြစ်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့ကစစ်ဆေးနေကြောင်း မြို့ခံအချို့ကပြောသည်။

“ရဲက စစ်နေလည်း တပ်ရင်းမှူးကို မလွန်ဆန်နိုင်ဘူး။ အမှုပိတ်ပစ်မှာ စိုးရတယ်” ဟုသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ကပစ(၃)သည်ဆင်တဲကျေးရွာမှမြေဧက (၃၀၀၀) ကျော်၌ ရှိပြီး ၁၂၀ မမ လက်နက်ကြီးအမျိုးအစားများအပြင် မီးလောင်ဗုံးများလည်းထုတ်လုပ်သည့်နေရာဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ ရဲ့ ပထမဆုံး ခရီးစဥ်အဖြစ် အခုလထဲ ပဲခူးတိုင်း၊ အနောက်ခြမ်းက ပြည်ခရိုင်ဘက်ကို ခရီးသွားဖြစ်တယ်။ ၁၂ လရာသီခွင်အရ တော် သလင်းလထဲဖြစ်လေတော့ "တော်သလင်းနေ ပုဇွန်သေ"ဆိုတဲ့အတိုင်း ခရီးတလျောက် ပူလောင်အိုက်စပ်တဲ့ဒဏ်ကို သိသိသာသာ ခံစားရတယ်။

သတင်း

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှညောင်ကျိုးစခန်းကိုအာရက္ခတပ်တော်(AA)ဦး​ဆောင်​သောပူး​ပေါင်းတပ်များကသိမ်းယူပြီးနောက် စစ်ကောင်စီတပ်က ပြည် နှင့် ဥသျှစ်ပင်မြို့ရောက် ရခိုင်စစ်ဘေးရှောင်များကိုဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

သတင်း

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အခိုင်အမာစခန်းဖြစ်သော ညောင်ကျိုးရွာစခန်းအား အာရက္ခတပ်တော်(AA)က ထပ်မံသိမ်းယူလိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

သတင်း

စစ်လက်နက်ပစ္စည်းထုတ်လုပ်​ရေးစက်ရုံများရှိသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်ပြီး အင်အား၂၀၀ကျော်ဖြင့် ခုခံနေသော ပုဂံကွဲစခန်းကို ထပ်မံသိမ်းယူတာကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။