Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယီမင်သမ္မတ နန်းတော်ကို ဟိုသီတွေ တိုက်ခိုက်လို့ ၅ ဦးထက်မနည်း သေဆုံး

ဟိုသီပြောက်ကျားတပ်တွေက ယီမင်အစိုးရရဲ့ သမ္မတ နန်းတော်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဟိုသီပြောက်ကျားတပ်တွေက ယီမင်အစိုးရရဲ့ သမ္မတ နန်းတော်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဟိုသီပြောက်ကျားတပ်တွေက ယီမင်အစိုးရရဲ့ သမ္မတ နန်းတော်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒရုန်းနဲ့ ဒုံးကျည်တွေ တွဲဖက် အသုံးပြုထားတဲ့ အောက်တိုဘာ ၁၅ ရက်နေ့ တိုက်ခိုက်မှုမှာ နောက်ထပ် လူ ၁၆ ဦးလည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အေဒန်မြို့မှာရှိတဲ့ အယ်လ်မာရှစ် နန်းတော် တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း သေဆုံးခဲ့သူတွေထဲမှာ ဝန်ကြီးချုပ် ရှာယား အယ်လ် ဇင်ဒါနီရဲ့ အနီးကပ် လုံခြုံရေး အရာရှိ ၂ ဦးလည်း ပါဝင်ခဲ့ပါတယ်။

ယီမင်တွေကတော့ အဲဒီနန်းတော်ဝင်းထဲမှာ ရှိနေတဲ့ ဆော်ဒီဦးဆောင်တဲ့ အာရပ်မဟာမိတ် အဖွဲ့ရဲ့ စစ်ဆင်ရေး ဦးစီးဌာန တစ်ခုကို အဓိက ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။ ယီမင် ပြည်တွင်းစစ်မှာ ဟိုသီတွေကို အီရန်က ထောက်ခံပြီး နိုင်ငံတကာ အသိအမှတ်ပြု ယီမင် အစိုးရကိုတော့ ဆော်ဒီက စစ်ရေးအရ ထဲထဲဝင်ဝင် အကူအညီ ပေးနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း နှစ်ဖက် စစ်ရေးပဋိပက္ခတွေက ပိုမိုအရှိန်မြင့်လာနေပြီး ဟိုသီတွေက ဆော်ဒီမှာရှိတဲ့ လေဆိပ်တွေ၊ ရေနံချက် စက်ရုံတွေကိုပါ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေပြီး ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတနန်းတော် တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်အတွင်း ဝန်ကြီးချုပ် ဇင်ဒါနီနဲ့ အစိုးရ အဖွဲ့ဝင်တွေ ဘေးကင်းခဲ့တယ်လို့ ယီမင် အစိုးရက ကြေညာခဲ့ပါတယ်။

ယီမင် ပြည်တွင်းစစ်ဟာ ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့ပြီး အဲဒီကာလအတွင်း ဟိုသီတွေဟာ မြို့တော် ဆာနား အပါအဝင် နိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်း နယ်မြေ အများအပြားကို သိမ်းယူနိုင်ခဲ့ပါတယ်။ အခုလဆန်းမှာတော့ ယီမင် အစိုးရက ‘ယီမင်ရဲ့ အရုဏ်ဦး’လို့ နာမည်ပေးထားတဲ့ အကြီးစား စစ်ဆင်ရေး တစ်ခုကို ဆင်နွှဲခဲ့ပြီး ဟိုသီတွေဆီက နယ်မြေအားလုံးကို ပြန်လည်ရယူမယ်လို့ ကြွေးကြော်ထားပါတယ်။

ဟိုသီတွေက ဆာနားကို သိမ်းယူထားတဲ့နောက် နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရဟာ အေဒန်ကို ယာယီမြို့တော်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး အခြေစိုက်ထားတာရတာပါ။

အောက်တိုဘာ ၁၅ ရက်နေ့ တိုက်ခိုက်မှုကတော့ ဆော်ဒီရဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေ ဘယ်မှာရှိရှိ ပစ်မှတ်ထား ချေမှုန်းမယ့် ရည်မှန်းချက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဟိုသီတွေက ထုတ်ပြန်ခဲ့ပါတယ်။

ယီမင် အစိုးရက နန်းတော် တိုက်ခိုက်ခံရမှုကို အတည်ပြုခဲ့ပေမယ့် ဟိုသီတွေ အသုံးပြုခဲ့တဲ့ ဒုံးကျည် အမျိုးအစား၊ နန်းတော်ရဲ့ ထိခိုက်ပျက်စီးမှု အတိုင်းအတာတွေကိုတော့ အသေးစိတ် မှတ်ချက် မပေးသေးပါဘူး။ ဒါပေမဲ့ အခုတိုက်ခိုက်မှုကြောင့် အစိုးရရဲ့ လုပ်ငန်းလည်ပတ်မှု ယန္တရားနဲ့ ဟိုသီတွေအပေါ် ဆင်နွှဲနေတဲ့ စစ်ဆင်ရေး အစီအမံတွေကိုတော့ ထိခိုက်မှု မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ