Connect with us

Hi, what are you looking for?

သတင်း

ညောင်ကျိုးစခန်းကျပြီးနောက် ပြည်နှင့် ဥသျှစ်ပင်ရောက် ရခိုင်စစ်ဘေးရှောင်များကိုစစ်ကောင်စီဖမ်းဆီးနေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှညောင်ကျိုးစခန်းကိုအာရက္ခတပ်တော်(AA)ဦး​ဆောင်​သောပူး​ပေါင်းတပ်များကသိမ်းယူပြီးနောက် စစ်ကောင်စီတပ်က ပြည် နှင့် ဥသျှစ်ပင်မြို့ရောက် ရခိုင်စစ်ဘေးရှောင်များကိုဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

ကဖေး/People’s Spring

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှညောင်ကျိုးစခန်းကိုအာရက္ခတပ်တော်(AA)ဦး​ဆောင်​သောပူး​ပေါင်းတပ်များကသိမ်းယူပြီးနောက် စစ်ကောင်စီတပ်က ပြည် နှင့် ဥသျှစ်ပင်မြို့ရောက် ရခိုင်စစ်ဘေးရှောင်များကိုဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်စဥ် ပြည် မြို့ နှင့် ဥသျှစ်ပင် မြို့နယ်များသို့ ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်အများအပြားလည်း လာရောက်ခိုလှုံခဲ့ကြသည်။

“AA ကိုမနိုင်လို့ ရခိုင်ကို မဲနေပြန်ပြီ။ ရခိုင်မှတ်ပုံ‌တင်တွေကိုမေးပြီး အစစ်အဆေးမရှိ ရဲစခန်းကို တန်းခေါ်နေတာ။ လက်ခံပေးထားတဲ့ အိမ်တွေပါ ကြောက်နေရပြီ”ဟုပြည်မြို့ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ပြည်မြို့ပါဝင်သောပြည်ခရိုင်သည် ရခိုင်ပြည်နယ်နှင့် ဆက်က်စပ်နေပြီး ရခိုင်စစ်ဘေးရှောင်များရှိနေသည်။ ယခင်ကတည်းက စစ်ဆေးမှုတင်းကြပ်ခဲ့သော်လည်း ညောင်ကျိုးစခန်းအား AAက သိမ်းယူပြီးနောက် ရခိုင်စစ်ဘေးရှောင်များအားပစ်မှတ်ထား၍ စီမံချက်ဖြင့် ဖမ်းဆီးနေခြင်းဟု ဒေသခံများကပြောသည်။

“ဥသျှစ်ပင်မှာရောက်နေတဲ့စစ်ဘေးရှောင်တွေကို လိုက်ဖမ်းတယ်ဗျာ။ ပြီးရင် ငွေညှစ်တယ်။မတရားဖမ်းထားတယ်။ ဒီရက်ထဲမှာ ဆယ်ယောက်မကဘူး ဖမ်းထားတယ်” ဟု ဥသျှစ်ပင်မြို့ခံကပြောသည်။

အင်အားရာချီအသုံးပြုပြီးဘန်ကာများ၊လက်နက်ကြီးများ တပ်ဆင်ထားသော ညောင်ကျိုးစခန်းကို AAက ဖေဖော်ဝါရီလတွင်စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၂ရက်၌ သိမ်းယူခဲ့ခြင်းဖြစ်သည်။

ညောင်ကျိုးစခန်းသည် တောင်ကုတ်−ပန်းတောင်းလမ်းပိုင်း ရခိုင်ရိုးမပေါ်၌ရှိပြီး ယင်းလမ်းမှ မိုးထိတောင်စခန်းကိုAA က ဇန််နဝါရီလ ၂၆ရက်က သိမ်းပိုက်ခဲ့သည်။ မိုးထိတောင်မှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညောင်ကျိုးစခန်း၌ အခိုင်အမာ ခံစစ်ဆင်ပြီးခုခံခဲ့သည်။ သို့သော် AAနှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။

ညောင်ကျိုးကို သိမ်းယူပြီးနောက် ဥသျှစ်ပင်မြို့ ညောင်ခြေထောက်ရွာရှိကပစ(၆)ကို သိမ်းယူရေး AAက ကြိုးပမ်းနိုင်ကြောင်း သတင်းများထွက်နေပြီး စစ်ကောင်စီကလည်း လုံခြုံရေးအကြောင်းပြ၍ ရခိုင်စစ်ဘေးရှောင်များကို ပစ်မှတ်ထားဖမ်းဆီးနေခြင်းဖြစ်သည်။

“ဒီအချိန်မှာ တစ်ဦးချင်းလုံခြုံရေးကို ပိုပြီးဂရုစိုက်ဖို့လိုနေတယ်ဗျ။ စစ်ကောင်စီကတော့ သူထိန်းချုပ်ထားတဲ့နေရာတွေမှာ ပိုပြီး ရှုံးမဲမဲမှာ” ဟု ပဲခူးတိုင်းအခြေစိုက် PDFတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ပြည်မြို့အဝင်တွင်လည်း စစ်ဆေးမှုတင်းကြပ်ထားပြီး ရခိုင်မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို အဓိက စစ်ဆေးနေသလို ပြည်မြို့ပေါ်ရပ်ကွက်များတွင် ရခိုင်တိုင်းရင်းသားများငှားရမ်းနေထိုင်နည်းအိမ်များကို ​နေ့​ရော၊ညရောပါဝင်ရောက်စစ်ဆေးနေသည်ဟု သတင်းရရှိသည်။

ဧရာဝတီတိုင်း၊ ရေကြည်နှင့်ရွှေ သောင်ယံမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလက တိုက်ပွဲပြင်းထန်နေစဉ်ကလည်း ထိုမြို့နယ်များသို့ရောက်ရှိနေသည့် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီက ဖမ်းဆီးမှုများရှိခဲ့သည်။ ထို့အပြင် ဒေသခံများက ရခိုင်စစ်ဘေးရှောင်များအား အကူအညီပေးနေမှုများကို ခြိမ်းခြောက်တားမြစ်ခဲ့သည်။ ကမ်းခြေဒေသများဖြစ်သည့် ငွေဆောင်၊ချောင်းသာ၊ ရွှေသောင်ယံတို့တွင် စစ်ဘေးရှောင် ရခိုင်တိုင်းရင်းသားများအား ပင်လယ်အတွင်း ငါးဖမ်းဆီးခွင့်ကိုပါပိတ်ပင်ခဲ့သည်။

စစ်ရှုံးနိမ့်နေသည်စစ်ကောင်စီတပ်ကအရပ်သားများအားပစ်မှတ်ထား၍ဖမ်းဆီးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်ကို အထူးသတိပြုကြရန် AAက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူများ တော်လှန်ရေး၌ ပိုမိုပါဝင်ပေးရန်၊ စစ်သားများ နီးစပ်ရာ တော်လှန်ရေးတပ်များထံ အလင်းဝင်ရန် တိုက်တွန်း

သတင်း

■“သူတို့ကို လူသားဒိုင်းသဖွယ် အသုံးပြုပြီးတော့ မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်တစုက သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်နေတာဖြစ်တယ်” – Spring Warriors Column တာဝန်ရှိသူ ဇွန်-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring ပဲခူးတိုင်း ကျောက်ကြီးမြိုနယ်မှ စစ်ကောင်စီတပ်သား သုံးဦး လက်နက်ခဲယမ်းများနှင့်အတူ Spring Warriors...

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကွင်းကျယ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား သုံးရက်ဆက်တိုက်ခိုက်ပြီးနောက် ဖျက်ဆီးရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကြောင်း သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်းက ယနေ့(မေလ ၂၁ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လေးအိမ်စုရွာတွင် ယနေ့ (မေလ ၁၇ရက်) နံနက်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်သွားပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း မြို့ခံများထံမှသတင်းရရှိသည်။