Connect with us

Hi, what are you looking for?

သတင်း

SCEF နဲ့ SRAတပ်ပေါင်းစု ထပ်မံတွေ့ဆုံ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) တို့ အောက်တိုဘာ ၁၅ရက်မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း SRAက သတင်းထုတ်ပြန်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) တို့ အောက်တိုဘာ ၁၅ရက်မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း SRAက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) တို့ အောက်တိုဘာ ၁၅ရက်မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း SRAက သတင်းထုတ်ပြန်ပါတယ်။

အခုနှစ် ဇူလိုင်လအတွင်းမှာ SCEFနဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့ စုစည်းထားတဲ့SRA တို့ ပထမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်လကျော်အကြာမှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကိုဖော်ပြမထားပေမဲ့ တွေ့ဆုံပွဲကို SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ SCEF အတွင်းရေးမှူးအဖွဲ့ဝင် ပဒိုစောတာဒိုမူး၊ SRA အထွေထွေအတွင်းရေးမှူး ကိုဆောင်းခ စတဲ့ နှစ်ဖက်တာဝန်ရှိသူတွေ ပါဝင်ကြောင်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားအစည်းအရုံး(KNU)ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ပဒိုစောတာဒိုမူးက SCEF ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ရာ အပြန်အလှန် ဆွေးနွေးတာတွေရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

SCEFနဲ့ SRA တို့ရဲ့ ပထမအကြိမ်တွေ့ဆုံမှုမှာလည်း စစ်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးထားပါတယ်။ ဒါ့အပြင် SCEFခေါင်းဆောင်တွေဟာ စက်တင်ဘာလကုန်ပိုင်းက ကျင်းပခဲ့တဲ့ SRA ရဲ့ ညီလာခံဖွင့်ပွဲအခမ်းအနားကိုလည်း တက်ရောက်ခဲ့သလို SRA ရဲ့ ညီလာခံအပြီး ထုတ်ပြန်ချက်မှာလည်း အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပေါ်ပေါက်ရေးအတွက် မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ ဟန်ချက်ညီလက်တွဲတိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။

SCEFဟာ စစ်တပ်ကို တော်လှန်နေတဲ့ ရက္ခိုင်၊ ပအိုဝ်း၊ မွန် တော်လှန်ရေးအင်အားစုတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။

SRAကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ချင်းညီနောင်၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ယောတပ်တော်(YA)၊ယောကာကွယ်ရေးတပ်(YDF)၊96 Soldiers PDF၊ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ ဗမာ့တပ်တော်(BA)အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့နဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်မြန်မာနိုင်ငံတည်ဆောက်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ မြန်မာပြည်သူများအား နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သော ကူညီဆောင်ရွက်မှုများနဲ့ ထောက်ခံကူညီပေးဖို့ မေတ္တာရပ်ခံတောင်းဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံတကာ ပါလီမန်များ အဖွဲ့ညီလာခံသို့ တက်ရောက်ခဲ့တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ နိုင်ငံရေးရပ်တည်ချက်များ၊ ရည်မှန်းချက်များနဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။