Connect with us

Hi, what are you looking for?

သတင်း

ပူတာအိုဒေသမှာ စစ်တပ်နဲ့ ပြည်သူ့စစ်က လူမျိုးရေးနဲ့ဘာသာရေးအသုံးချ လှုံ့ဆော်နေ

ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လူမျိုးရေးနဲ့ဘာသာရေးအသုံးချပြီး စစ်သားစုဆောင်နေသလို ဒေသခံလူထုရဲ့စည်းလုံးမှုကွဲအောင် လှုံ့ဆော်နေတဲ့အတွက် ဆန့်ကျင်ဖို့နဲ့ ချိန်းခြောက်ခံရပါက လာရောက်ခိုလှုံကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

(ပူတာအိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (K PDF) များကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အောက်တိုဘာ-၁၆၊၂၀၂၆။အိမ်သွင်/People’s Spring

ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လူမျိုးရေးနဲ့ဘာသာရေးအသုံးချပြီး စစ်သားစုဆောင်နေသလို ဒေသခံလူထုရဲ့စည်းလုံးမှုကွဲအောင် လှုံ့ဆော်နေတဲ့အတွက် ဆန့်ကျင်ဖို့နဲ့ ချိန်းခြောက်ခံရပါက လာရောက်ခိုလှုံကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၆ရက်မှာ ထုတ်ပြန်လာတာဖြစ်ပြီး ‌စစ်တပ်ဟာ ပြည်သူလူထုပြိုကွဲစေဖို့ ရည်ရွယ်ပြီး ဘာသာရေးကိုခုတုံးလုပ် သပ်လျှိုဟောပြောခြင်း၊ လူမျိုးရေးကိုခုတုံးလုပ်ပြီး အမျိုးမျိုးသော ပြည်သူ့စစ်အမည်ခံအဖွဲ့များဖွဲ့စည်းခြင်းတွေ လုပ်ဆောင်နေတယ်လို့သတိပေးထားပါတယ်။

စစ်တပ်လက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့ကလည်း လူမျိုးစွဲ၊ ‌‌ဒေသစွဲ၊ သမိုင်းဖြစ်စဉ်တွေကို အသုံးချပြီးအမြင်ကျဉ်းမြောင်းတဲ့ စည်းရုံးလှုံ့ဆော်မှုတွေနဲ့အတူ စစ်တပ်ကိုအကူအညီပေးနေတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရှုံးနေတဲ့ စစ်‌တပ်အတွက် ဒေသကာကွယ်ရေး၊ လူမျိုးကာကွယ်ရေးစသည်ဖြင့် ‌ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဒေသခံလူငယ်တွေကို စစ်သားသစ်စု‌ဆောင်းခြင်း၊ လူကြီးလူငယ်မရွေး အထမ်းခေါ်ခြင်းတွေ ကျယ်ပြန့်စွာ လုပ်ဆောင်နေတယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဆန့်ကျင် းကန့်ကွက်ဖို့နဲ့ချိန်းခြောက်ခံရမှု တစုံတရာရှိလာပါက လာရောက်ခိုလှုံနိုင်သလို နွေးထွေးစွာကြိုဆိုနေမယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

” KPF က လိုအပ်လို့ သတိပေးတာလို့ ကျ‌တော်တို့ နားလည်တယ်။ ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ ရပ်တန်းကရပ်ဖို့လိုတယ်”လို့ ခေါင်လန်ဖူးဒေသခံတစ်ဦးက ပြောပါတယ်။

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့အတူ ကချင်ပြည်နယ်မှာ စစ်တပ်စစ်ကြောင်းတွေကိုတိုက်ခိုက်နေသလို မြို့သိမ်းတိုက်ပွဲတွေမှာလည်းပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

ယခုရက်ပိုင်းမှာလည်း ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေပြီးစစ်ကောင်စီဗျူဟာမှူးတစ်ဦး သေဆုံးခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်တွေကပြောပါတယ်။ စစ်ရေးတင်းမာပြီး အထိနာနေစဉ်မှာ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့နဲ့ တပ်ဖွဲ့ဝင်တချို့က KIAနဲ့ KPF ထောက်ခံသူတွေကို ဖမ်းဆီးဖို့ လှုံ့ဆော်တာတွေ၊ လူမှုကွန်ရက်ပေါ်ကတစ်ဆင့် ခြိမ်းခြောက်တွေလုပ်ဆောင်နေတယ်လို့ ဒေသခံလူငယ်ချုပ်က ပြောပါတယ်။

” ဒေသမှာနေတဲ့လူငယ်တွေကိုရော ပြည်ပကိုရောက်နေတဲ့လူငယ်တွေကိုပါ နည်းမျိုးစုံခြိမ်းခြောက်နေတယ်။ ပြည်သူ့စစ်အဖွဲ့တွေဟာ စစ်တပ်ရဲ့ခြံစောင့်ခွေးလိုနေ နေကြတယ်”လို့ ပူတာအိုဒေသခံလူငယ်တစ်ဦးကပြောပါတယ်။

ခေါင်လန်ဖူးမြို့နယ်မှာ စစ်တပ်ကလေကြောင်းကနေ အင်အားတွေဖြည့်တင်းနေတယ်လို့လည်း သိရပါတယ်။အချိန်မရွေးတိုက်ပွဲဆက်ဖြစ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒေသခံပြည်သူတွေကိုသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တပ်ဖွဲ့ဝင်တွေစစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဟု TNLA ပြောရေးဆိုခွင့်ရှိသူငြင်းဆို

သတင်း

မကွေးတိုင်း ရေစကြိုမြို့နယ်ကို စစ်တပ်က ဒရုန်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရဲဘော်ဝေကြီးက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲသွားတာ ကြောင့် ဒေသခံ အမျိုးသမီး၂ဦး သေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တည်ရှိနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုကို တပ်အပြောင်းအလဲလုပ်ဖို့ စစ်ကြောင်းဝင်လာတဲ့ စစ်တပ်နဲ့ KNU တပ်တို့ ရက်ပိုင်းအကြာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။