Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရွာအနီး လယ်ကွင်းအတွင်းကျ၍ ထိခိုက်သူမရှိခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

မြောက်ဦးမြို့ကို အာရက္ခတပ်တော်သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များအားတွေ့ရစဥ်။ ဓာတ်ပုံ - AA

ကဖေး/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရွာအနီး လယ်ကွင်းအတွင်းကျ၍ ထိခိုက်သူမရှိခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

မြောက်ဦးမြို့၊ အောက်လေညှင်းတောင်ကျေးရွာကို ဖေဖော်ဝါရီ ၂၅ရက်ညတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးကြဲခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

“ဖုန်းလိုင်းတွေ မကောင်းတော့ ဒေသမှာ ဖြစ်နေတဲ့သတင်းတွေ မတက်ဘူးဖြစ်နေတယ်။ ဒီတခါလေကြောင်း တိုက်တာကတော့ ရွာပြင်ကို ကျလို့ ကံကောင်းတယ်။ လေကြောင်းအန္တရာယ်ကတော့ အမြဲရှိနေတယ်လို့ ကျနော်တို့ နားလည်ထားတယ်” ဟု မြောက်ဦးမြို့ပေါ်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုဖြစ်စဉ်သည် မြောက်ဦးမြို့ကို ဇန်နဝါရီ (၁၈)ရက်က လေကြောင်းတိုက်ခိုက်ပြီးနောက်ပိုင်း ၂၀၂၅ခုနှစ်အတွင်း ဒုတိယအကြိမ်တိုက်ခိုက်မှုဖြစ်သည်။ ပထမအကြိမ်မှာ

မြောက်ဦးမြို့ ရမ်းချောင်းအနီးရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု AAက ထုတ်ပြန်ခဲ့သည်။

မြောက်ဦးမြို့ကို AAက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ရက်၌ အပြီးသတ်တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။ မသိမ်းပိုက်မီ တိုက်ပွဲများပြင်းထန်နေစဉ် ၂၀၂၃ ခုနှစ် ခရစ်စမတ်ကာလနှင့် ၂ဝ၂၄ ဇန်နဝါရီတွင်မြောက်ဦးမြို့ရှေးဟောင်းယဉ်ကျေးမှုဇုန်ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မြောက်ဦးယဉ်ကျေးမှုဒေသအား ကမ္ဘာ့ (World Heritage) စာရင်းဝင်ရန် အဆိုပြုထားသည်ကိုသိလျှက် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ဖျက်ဆီးခြင်းဖြစ်ပြီး ထိုလုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဟု AAက ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကြားကာလအမွေအနှစ် ထိန်းသိမ်းရေးကော်မရှင်ကလည်း ရခိုင်တိုင်းရင်းသားတို့၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များထားရှိရာ မြောက်ဦးပြတိုက်အား စစ်ကောင်စီက တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုံ့ချကြောင်းနှင့် အရေးယူနိုင်ရေးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲကာလအတွင်း မြောက်ဦးမြို့ရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် စစ်ကောင်စီတပ်များ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းများကို AA က ရှင်းလင်းဖယ်ရှားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနောက်ဘက် ရေသေ့တောင်မြို့နယ်နဲ့အစပ် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) က ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ငပြီကျွန်းတိုက်ပွဲမှာစစ်သားအလောင်း ၄၀ ခန့်ရပြီး၂၀ ကျော်ဖမ်းမိဟု​စစ်​ရေးသတင်းရင်းမြစ်​ပြော