Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုက စစ်ကိုင်းတံတားမှာ ပေါ်တာဆွဲလို့ ခရီးသည်တင်ယာဉ်လိုင်းတချို့စတင်ရပ်နား

စစ်ကိုင်းတံတား (ရတနာပုံတံတား)ပေါ်မှာ စစ်အုပ်စုကပေါ်တာဆွဲတာတွေဆက်တိုက်လုပ်လာတာကြောင့် ဒီတံတားကိုဖြတ်သန်းပြီး မန္တလေးကိုသွားမယ့် ကျေးရွာတွေက ခရီးသည်တင်ကားတချို့ စတင်ရပ်နားလာကြတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

ရတနာပုံတံတား ကို​တွေ့ရစဥ်(ပုံ​ဟောင်းဖြစ်ပါတယ်)။ဓါတ်ပုံ-CJ

စက်တင်ဘာ၁၊၂၀၂၅။မေ/People’s Spring

စစ်ကိုင်းတံတား (ရတနာပုံတံတား)ပေါ်မှာ စစ်အုပ်စုကပေါ်တာဆွဲတာတွေဆက်တိုက်လုပ်လာတာကြောင့် ဒီတံတားကိုဖြတ်သန်းပြီး မန္တလေးကိုသွားမယ့် ကျေးရွာတွေက ခရီးသည်တင်ကားတချို့ စတင်ရပ်နားလာကြတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

စစ်ကိုင်းတံတားမှာ စစ်တပ်က ရက်ခြားနဲ့ ပေါ်တာဆွဲနေတာမို့ မုံရွာမြို့နယ်၊ယင်းမာပင်၊ဒီပဲယင်း၊ဝက်လက်၊စဉ့်ကူး၊ရွှေဘိုစတဲ့ မြို့နယ်တွေရှိ ကျေးရွာတွေကနေ ပြေးဆွဲ နေတဲ့ ခရီးသည်တင်ကားတချို့ ယာယီရပ်နားတာ တွေစတင်ပြုလုပ်နေပြီလို့ ဒေသခံ တွေကပြောပါတယ်။

ဩဂုတ်လ၂၈ ရက်နေ့ကခရီးသည်တင်ကားတွေ အပြင် အိမ်စီးကား ‌‌၊ကုန်တင်ကားတွေ ပေါ်မှာပါတဲ့ လူတွေကို ကျား၊မ မရွေးအကုန် ပေါ်တာဆွဲခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်ပိုင်း အခုလို ယာဉ်လိုင်းရပ်နားတာ တွေပြုလုပ်လာတာလို့ သိရပါတယ်။

“၂၈ရက်နေ့ကတည်းကထွက်မယ့်ကားတွေအဲဒီသတင်းကြားပြီးရပ်ထားတယ်။နောက်ပြီးဒီမြို့နယ်က ကားတစီးရဲ့ စပါယ်ယာကောင်လေးလည်း အဆွဲခံလိုက်ရတယ်။ကားသမားကကူပြောပေးတာလည်းမရဘူးလို့ ပြောတယ်။အဲဒီ အန္တရာယ်နဲ့မို့ ကားတချို့က တော့နား နေပြီ”လို့ဒေသခံတဦးကပြောပါတယ်။

စစ်ကိုင်းမြို့မှာ ကျေးရွာတွေကနေ မန္တလေးဘက်ကို အလုပ်သွားလုပ်ဖို့ထွက်လာတဲ့ လူငယ် တွေနဲ့ ခရီးသည်တင် ကား တွေကို စစ်တပ်က အဓိကပစ်မှတ်ထား ပေါ်တာဆွဲရာကနေ ယခုရက်ပိုင်းမှာ စစ်ကိုင်းမြို့မဈေးအတွင်းထိ ဝင်ဆွဲတာမို့ မြို့ခံတွေပါ သတိထားနေထိုင် နေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာဇူလိုင် ၂၂ ရက်ညက သားဖြစ်သူအလုပ်မှအပြန်ပေါ်တာဆွဲခံရတာကြောင့် ဖခင်ဖြစ်သူကတညင်းကုန်းမှာရှိတဲ့စစ်သားစုဆောင်းရေးတပ်ကို သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဖခင်ကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးလိုက်ပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရန်ကုန်မြို့က ရုပ်ရှင်ကင်မရာမန်းလူငယ်တစ်ယောက် ပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်း Facebook လူမှုကွန်ရက်မှာ တက်လာခဲ့ပါတယ်။ အနုပညာရှင်တချို့နဲ့ ရင်းနှီးသူတွေကလည်း ကင်မရာမန်းလူငယ်ပျောက်ဆုံးတဲ့ဖြစ်စဥ်ကို ကိုယ့်လူမှုကွန်ရက်စာမျက်နှာမှာ တင်ပေးကြတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထွီလာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေဆိုးရွားနေလို့ ပြည်သူတွေမထွက်ရဲတော့တာကြောင့် မူးယစ်ဆေးဝါး ရောင်းတဲ့အဖွဲ့ကို ပေါ်တာဆွဲတဲ့အဖွဲ့ဆိုပြီး စစ်တပ်က အယောင်ပြဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။