Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က စာသင်ကျောင်းဗုံးကြဲမှုအာဆီယံလွှတ်တော်အမတ်များအစုအဖွဲ့ အပြင်းအထန်ရှုတ်ချ

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားတဲ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ (APHR)ဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲက စာသင်ကျောင်းကို ဗုံးကြဲခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့လုပ်ရပ်အပေါ် အပြင်း အထန်ရှုတ်ချခဲ့ပါတယ်။

ကိုးကား- APHR ဗုံးကြဲမှု​ကြောင့်​သေဆုံးခဲ့​သော ​ကျောင်းသား၊​ကျောင်းသူများ။ဓါတ်ပုံ-AA Info Desk

စက်တင်ဘာ-၁၅၊၂၀၂၅။People’s Spring

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားတဲ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ (APHR)ဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲက စာသင်ကျောင်းကို ဗုံးကြဲခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့လုပ်ရပ်အပေါ် အပြင်း အထန်ရှုတ်ချခဲ့ပါတယ်။

APHRဟာ အာဆီယံ ဒေသတွင်း နိုင်ငံတွေထဲက လွှတ်တော် အမတ်တွေ စုစည်းထားတဲ့ နိုင်ငံရေး ကွန်ရက်တစ်ခုလည်း ဖြစ်ပါတယ်။ APHRက စစ်ကောင်စီဟာ ကျောက်​တော်မြို့နယ်ရဲ့သရက်တပင် ကျေးရွာထဲမှာရှိတဲ့ပညာပန်းခင်းကိုယ်ပိုင် အထက်တန်းကျောင်းကိုပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ရည်ရွယ်ချက်ရှိရှိ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲ ဖော်ပြထားခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက် မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ကျောင်းသူကျောင်းသား ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာ ပြင်းထန်သူတွေ အပါအဝင် ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်းနဲ့ အဆောက်အအုံ တချို့ ပျက်စီးခဲ့ကြောင်း အဲဒီ ထုတ်ပြန်ချက်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စာသင်ကျောင်းကို ဗုံးကြဲမှုဟာကျောက်တော်မြို့နယ်ထဲမှာပဲ တည်ရှိတဲ့ဇီးချောင်း ရေကာတာကို ဗုံးကြဲမှုဖြစ်စဉ်အပြီး၂ ရက် အကြာမှာပေါ်ပေါက်လာကြောင်း၊ရခိုင်ပြည်နယ်ထဲမှာအရပ်သားဧရိယာတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး ဩဂုတ် ၂၅ ရက်နေ့တုန်းကလည်း မြောက်ဦးမြို့မှာ ဗုံးကြဲခဲ့တာကြောင့် ကလေးတွေ၊ ကျောင်းသားတွေ အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း APHRက ဆိုပါတယ်။

ဒီလုပ်ရပ်ဟာ ကလေးတွေ၊ မိသားစုတွေအပေါ် စနစ်တကျ စီမံတွက်ချက်ပြီး ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ကြောင်း၊ ကျောင်းတွေနဲ့ အိမ်တွေကို ဗုံးကြဲနေတာဟာ စစ်ကောင်စီက လူ့အသက်တွေနဲ့ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေအပေါ် လုံးဝ အလေးမထားဘူးဆိုတာညွှန်ပြနေကြောင်း APHRရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ အင်ဒိုနီးရှား အောက်လွှတ်တော် အမတ်လည်းဖြစ်တဲ့ မာစီခရစ္စတီ ဘာရန်စ်က ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ရက်ရက်စက်စက် တိုက်ခိုက်နေပေမယ့် ပြစ်ဒဏ်စီရင်မှုတွေကနေ ကင်းလွတ်ချမ်းသာခွင့် ရနေကြောင်း၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ လွှတ်တော်တွေ စုစည်းထားတဲ့ အစုအဖွဲ့တစ်ခု အနေနဲ့ APHRဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံ အစိုးရတွေက နှုတ်ဆိတ်နေတာကို လက်သင့်ခံနေလို့ မရကြောင်းလည်း သူက ဆိုပါတယ်။ ဘာရန်စ်ကမြန်မာပြည်သူတွေကိုကာကွယ်ဖို့၊ ဒီမိုကရေစီကိုထိန်းသိမ်း စောင့်ရှောက်ဖို့အတွက်နိုင်ငံတကာကိုင်တွယ်တုံ့ပြန်မှုတွေ အရေးပေါ် လိုအပ်နေပြီလို့လည်း ပြောကြားခဲ့ပါတယ်။

လက်ရှိ ကြုံတွေ့နေရတာတွေကသမားရိုးကျ အကြမ်းဖက် ရန်လိုတာမျိုး မဟုတ်ဘဲ ဒေသခံ ပြည်သူတွေကိုပါသိမ်းကြုံးအပြစ်ပေးဖို့စနစ်တကျ၊ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ ကိစ္စဖြစ်ကြောင်း သူက သတိပေးသွားပါတယ်။

ကျောက်တော်မှာအခုနောက်ဆုံးကြုံတွေ့ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုဟာ အစုလိုက် သတ်ဖြတ်မှု တစ်ခုလည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီ အနေနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ပြီး ပြစ်ဒဏ် မခံရဘဲ ဘယ်လိုဘယ်ပုံ ကင်းလွတ်ခွင့် ရနေသလဲဆိုတာ မီးမောင်း ထိုးပြနေတယ်လို့ APHR က ဆိုပါတယ်။ ပြီးတော့ အာဆီယံအပေါ် ယုံကြည် ကိုးစားလို့ ဘယ်လောက်ထိ ရမလဲ ဆိုတာကို ဆန်းစစ် မေးခွန်းထုတ်မှုလည်း ဖြစ်နေတယ်လို့ APHR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

APHRကတော့ မြန်မာ ပြည်သူတွေနဲ့အတူ တသားတည်း ဆက်လက် ရပ်တည်နေမှာဖြစ်ပြီး အရှေ့တောင်အာရှ တလွှားမှာ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေး လုပ်ငန်းစဉ်တွေကို ဆက်လက် အားပေး ထောက်ခံနေမယ်လို့လည်း သဘောထား ကြေညာသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။