Connect with us

Hi, what are you looking for?

သတင်း

အရပ်သားပြည်သူတွေကို စစ်တပ်က နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှု ပိုများလာတယ်လို့ AAထုတ်ပြန်

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

(အာဏာသိမ်းစစ်တပ်ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့အရပ်သားပြည်သူနေအိမ်တချို့။ ဓာတ်ပုံ - AA Info Desk)

စက်တင်ဘာ-၁၄၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၄ရက်ကနေ စက်တင်ဘာ ၁၃ရက်အတွင်း ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ကျိန္တလီနဲ့ ဆမီးမြို့တွေက အရပ်သားပြည်သူတွေရှိတဲ့ နေရာတွေကို တိုက်လေယာဉ်၊ စက်သေနတ်၊ ဆူဆိုက်ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ဘေး ရှောင်တွေအပါအဝင် အမျိုးသမီး နှစ်ဦး အမျိုးသား သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၃ ရက်က ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဦးရာဇ်တော်ဘုရား တည်ရှိရာ တောင်ခြေရင်း၊ ကြိုးတံတားအနီး ဝန်းကျင်ကို တိုက်ခိုက်တဲ့ဖြစ်စဉ်မှာ လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၄ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဂူဝဘုရားကို စစ်တပ်က လေကြောင်းက နေဗုံးကြဲလို့ ဘုရားဆင်းတုတော်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

AAထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်တပ်က ၄၉၂၆ စစ်ဆင်ရေးအမည်နဲ့ ဝါဒဖြန့်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ ၄၉၂၆ စစ်ဆင်ရေးကို စက်တင်ဘာ ၄ရက်မှာစတင်ခဲ့တာဖြစ်ပြီး AAထိန်းချုပ်ထားတဲ့ မြို့တွေကို ဦးတည်တဲ့ တိုက်ခိုက်တဲ့ စစ်ဆင်ရေးကြီးလို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေသူတွေ ဆက်တိုက် ပြောနေကြပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေ၊ ရခိုင်ပြည်နယ်အစပ် မကွေးတိုင်းထဲက ပဒါန်း၊ မင်းတုန်းမြို့နယ်၊ ပဲခူးတိုင်းထဲက ပန်းတောင်းမြို့နယ်၊ ဧရာ၀တီတိုင်းထဲက ရွှေသောင်ယံ၊ ရေကြည်၊ သာပေါင်းမြို့နယ်တွေထဲက AA ထိန်းချုပ်ဒေသတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေတာလို့ သိရပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ စစ်တပ်ထိခိုက် သေဆုံးမှုတွေ များပြားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်နဲ့ လက်နက်ကြီးအန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ AAက သတိပေးထားပါတယ်။

မြေပြင်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ ဒေသခံပြည်သူတွေရှိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တစ်လကျော်အတွင်းကျောက်ဖြူမှာစစ်တပ်စခန်း နှစ်ခုကိုAA သိမ်းပိုက်ထား

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။