ကမ္ဘောဒီးယားက ကမကထလုပ်ပြီး ကျင်းပမယ့် အာရှ − ဥရောပ( ASEM) ထိပ်သီးအစည်းအဝေး မှာ မတရားအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို မဖိတ်ကြားဘူးလို့သိရပါတယ်။
အာဆီယံ ဥက္ကဋ္ဌ အသစ်ဖြစ်လာသူ ကမ္ဘောဒီးယားဟာ လာမယ့် ရက်သတ္တပတ်မှာ ASEM ထိပ်သီးအစည်းအဝေးကိုကျင်းပမှာပါ။
အဲဒီထိပ်သီးအစည်းအဝေးမှာ ကိုဗစ်အလွန်ကာလ လူမှုဘဝစီးပွားရေး ပြန်လည်ကုစားရေးနဲ့အားကောင်းအောင် လုပ်ဆောင်မယ့်အရေးတွေကိုဆွေးနွေးမှာဖြစ်ပါတယ်။
ဒါပေမယ့် ကမ္ဘောဒီးယားဟာ ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားမှာမဟုတ်ဘဲ အောက်တိုဘာလအတွင်း ကျင်းပခဲ့တဲ့ အာဆီယံ ဆုံးဖြတ်ချက်အတိုင်း နိုင်ငံရေးအရ ကိုယ်စားမပြု သူတစ်ဦးကို သာ ဖိတ်ကြားမယ်လို့ သိရပါတယ်။

Public Service Announcement
အာရှ − ဥရောပ( ASEM)ထိပ်သီးအစည်းအဝေးကို အာရှနဲ့ ဥရောပ ဒေသတွင်း နိုင်ငံပေါင်း ၅၀ လောက်က ကိုယ်စားလှယ်တွေ ဟာ အွန်လိုင်းကနေ တက်ရောက်ကြမှာဖြစ်ပါတယ်။
ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၂၅ ရက်က စတင်ပြီး ၂ရက်ကြာ ကျင်းပမယ်လို့ သိရပါတယ်။
ကိုးကား − Thai PBS


















































