Connect with us

Hi, what are you looking for?

LuduNwayOo

News

ကမ္ဘောဒီးယားက ဦးဆောင်ကျင်းပမယ့် အာရှ − ဥရောပ ထိပ်သီးအစည်းအဝေး တက်ဖို့ စစ်ကောင်စီ ခေါင်းဆောင် ကို မဖိတ်

အာဆီယံ ဥက္ကဋ္ဌ အသစ်ဖြစ်လာသူ ကမ္ဘောဒီးယားဟာ လာမယ့် ရက်သတ္တပတ်မှာ ASEM ထိပ်သီးအစည်းအဝေးကိုကျင်းပမှာပါ။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်

ကမ္ဘောဒီးယားက ကမကထလုပ်ပြီး ကျင်းပမယ့် အာရှ − ဥရောပ( ASEM) ထိပ်သီးအစည်းအဝေး မှာ မတရားအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို မဖိတ်ကြားဘူးလို့သိရပါတယ်။

အာဆီယံ ဥက္ကဋ္ဌ အသစ်ဖြစ်လာသူ ကမ္ဘောဒီးယားဟာ လာမယ့် ရက်သတ္တပတ်မှာ ASEM ထိပ်သီးအစည်းအဝေးကိုကျင်းပမှာပါ။

အဲဒီထိပ်သီးအစည်းအဝေးမှာ ကိုဗစ်အလွန်ကာလ လူမှုဘဝစီးပွားရေး ပြန်လည်ကုစားရေးနဲ့အားကောင်းအောင် လုပ်ဆောင်မယ့်အရေးတွေကိုဆွေးနွေးမှာဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘောဒီးယားဟာ ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားမှာမဟုတ်ဘဲ အောက်တိုဘာလအတွင်း ကျင်းပခဲ့တဲ့ အာဆီယံ ဆုံးဖြတ်ချက်အတိုင်း နိုင်ငံရေးအရ ကိုယ်စားမပြု သူတစ်ဦးကို သာ ဖိတ်ကြားမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အာရှ − ဥရောပ( ASEM)ထိပ်သီးအစည်းအဝေးကို အာရှနဲ့ ဥရောပ ဒေသတွင်း နိုင်ငံပေါင်း ၅၀ လောက်က ကိုယ်စားလှယ်တွေ ဟာ အွန်လိုင်းကနေ တက်ရောက်ကြမှာဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၂၅ ရက်က စတင်ပြီး ၂ရက်ကြာ ကျင်းပမယ်လို့ သိရပါတယ်။

ကိုးကား − Thai PBS

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။