Connect with us

Hi, what are you looking for?

သတင်း

လေးမြို့မြစ်အတွင်း ဘောလုံးကန်ပြန်လာတဲ့ စက်လှေမှောက်လို့ လူ ၁၀ဦး သေဆုံး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ လေးမြို့မြစ်အတွင်း စက်လှေတိမ်းမှောက်လို့ ကလေးငယ်တစ်ဦးအပါအဝင် ၁၀ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(​စက်​လှေ​မှောက်ပြီး​ရေနစ်​သေဆုံးခဲ့တဲ့ အ​လောင်းကိုသယ်​ဆောင်လာစဥ်)

မေ-၁၄၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ လေးမြို့မြစ်အတွင်း စက်လှေတိမ်းမှောက်လို့ ကလေးငယ်တစ်ဦးအပါအဝင် ၁၀ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့နယ် အောင်တိုင်ကျေးရွာက လူငယ်အများစုပါတဲ့ ဒေသခံတွေဟာ မေလ ၁၂ရက်ညနေက မြောက်ဦးမြို့နယ် ရှမ်းတောင်ကျေးရွာမှာ ဘောလုံးကစားပြီးပြန်လာစဉ် လေးမြို့မြစ်အတွင်း စက်လှေတိမ်းမှောက်ခဲ့တာပါ။

“လေးမြို့မြစ်က ဒီရက်ရေစီးကြမ်းနေတာ။ မိုးလည်း ရွာတော့ ပိုဆိုးတယ်။ ညနေဘက်မှာ မှောက်တာဆိုတော့ ရှာဖွေကယ်ဆယ်ရေးမှာအခက်အခဲတွေရှိခဲ့တယ်”လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘောလုံးကစားပွဲကနေပြန်လာတဲ့ လူ၁၀၀ကျော်က စက်လှေနှစ်စီးနဲ့အတူလိုက်ပါလာစဉ် တစ်စီး တိမ်းမှောက်တာလို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာ အသက်ရှင်တဲ့အရွယ်ကလေးငယ်တစ်ဦးပါဝင်ပြီး ကျန်တဲ့သူတွေက အသက် ၂၀ကနေ ၅၀ကြားအမျိုးသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ‌နေ့အထိ ကြားသိထားတဲ့သတင်းအရ ရုပ်အလောင်း ၉လောင်းရှာဖွေတွေ့ရှိထားပြီး ၁ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

ကမ်းရိုးတန်းဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ ဒေသတွင်းဆက်သွယ်ရေးမှာ ရေကြောင်းလမ်းဆက်သွယ်ရေးအဓိက အသုံးပြုတဲ့ ဒေသဖြစ်ပါတယ်။

ယခုရက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နေပြီး ရခိုင်ကမ်းရိုးတန်းအပါအဝင် မြန်မာ့ကန်ရိုးတန်းဒေသတွေမှာ လေပြင်းနဲ့မိုးကြီးမယ့်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြစ်အတွင်းလှေမောင်းသူအပါအဝင် ၁၂ဦးလိုက်ပါလာသော ခရီးသည်တင်စက်လှေတစ်စီးတိမ်းမှောက်ပြီး ၁၁ဦး ကယ်ဆယ်ထားနိုင်ပြီးတစ်ဦး ပျောက်ဆုံးနေသည်။