Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်က တိုက်ခိုက်မှုတွေ ပြန်စလာရင် စစ်မျက်နှာ အသစ်တွေဖွင့်ပြီး တုံ့ပြန်မယ်လို့ အီရန် သတိပေး

တကယ်လို့ အမေရိကန်ဖက်က တိုက်ခိုက်မှုတွေ ပြန်စလာမယ်ဆိုရင် အီရန်ကလည်း စစ်မျက်နှာ အသစ်တွေပါ ဖွင့်ပြီး တုံ့ပြန် ဖိအားပေးသွားမယ်လို့ အီရန်စစ်တပ်က သတိပေး ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

တကယ်လို့ အမေရိကန်ဖက်က တိုက်ခိုက်မှုတွေ ပြန်စလာမယ်ဆိုရင် အီရန်ကလည်း စစ်မျက်နှာ အသစ်တွေပါ ဖွင့်ပြီး တုံ့ပြန် ဖိအားပေးသွားမယ်လို့ အီရန်စစ်တပ်က သတိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူဟာ မေလ ၁၉ ရက်နေ့မှာ အီရန်ကို အပြင်းအထန် ပြန်လည် တိုက်ခိုက်စေဖို့ စဉ်းစားထားခဲ့ပေမယ့်လည်း အာရပ် မဟာမိတ် နိုင်ငံတွေက မေတ္တာရပ်ခံတာ၊ အီရန်ဖက်က စစ်ပြေငြိမ်းရေး အဆိုပြုချက် အသစ်တစ်ခု ပေးပို့လာတာတွေကြောင့် ဆိုင်းငံ့ထားလိုက်ကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့တဲ့နောက် အီရန်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပူးပေါင်း တိုက်ခိုက်ရာကနေ စတင်ခဲ့တဲ့ စစ်ပွဲဟာ ဒေသတွင်း ပဋိပက္ခကြီးအဖြစ် ကျယ်ပြန့်ခဲ့ပြီး အီရန်ဟာ ဆော်ဒီအာရေးဘီးယား၊ ကူဝိတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)စတဲ့ ဒေသတွင်း အမေရိကန် မဟာမိတ်တွေကိုပါ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဧပြီ ၈ ရက်မှာတော့ အပစ်အခတ် ရပ်စဲထားပြီး စစ်ပြေငြိမ်းရေး ဆွေးနွေးနေပေမယ့် လက်ရှိ အချိန်ထိတော့ ထင်ရှားမြင်သာတဲ့ တိုးတက်မှုတွေ မတွေ့ရသေးပါဘူး။

မေလ ၁၉ ရက်နေ့မှာတော့ ထရမ့်က အမေရိကန်ဟာ အီရန်မှာ စစ်ဆင်ရေးတွေ ပြန်စဖို့ နာရီပိုင်းလောက်သာ လိုတော့တဲ့ အချိန်မှာ သူက ဆုံးဖြတ်ချက် ပြောင်းလဲလိုက်တာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ကိုယ့်ဖက်က ထောင်းလမောင်းကြေအောင် ဖိနှိပ်ထိုးနှက်ထားတဲ့ နိုင်ငံ တစ်ခုနဲ့ ဘယ်လို ညှိနှိုင်းသင့်သလဲ ဆိုတာကို နားလည်ဖို့လိုကြောင်း၊ အီရန်က ဆွေးနွေးပွဲ စကားဝိုင်းဆီ ပြန်လာပြီး သဘောတူညီမှု တစ်ခုအတွက် တောင်းဆိုခဲ့တာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ထပ်မတိုက်ရဖို့ မျှော်လင့်ကြောင်း၊ ဒါမှမဟုတ် အီရန်ကို နောက်ထပ် ခပ်ပြင်းပြင်း တစ်ချက်လောက် ထပ်ဆော်ရတာမျိုးလည်း ရှိကောင်း ရှိလာနိုင်ကြောင်း၊ ဘာကိုမှတော့ တပ်အပ် မပြောနိုင်သေးကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

တစ်ဖက်မှာတော့ အီရန် စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ မိုဟာမက် အက်ကရာမီနီရာက အမေရိကန်ကသာ တိုက်ခိုက်မှုတွေ ပြန်စလာရင် အီရန်ကလည်း စစ်မျက်နှာ အသစ်တွေဖွင့်ပြီး လက်တုံ့ပြန်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူက စစ်မျက်နှာ အသစ်တွေ ဆိုတာဟာ ဘာကို ရည်ညွှန်းသလဲလို့တော့ တိတိကျကျ ရှင်းမပြခဲ့ပါဘူး။ အီရန်စစ်တပ်ဟာ အပစ်ရပ် ကာလကို အင်အားပြန်လည် စုစည်းနိုင်ဖို့အတွက် အကောင်းဆုံး အသုံးချနိုင်ခဲ့တယ်လို့လည်း အက်ကရာမီနီရာက ဆက်ပြောပါတယ်။

ထရမ့်ကတော့ ညှိနှိုင်းမှု အသစ်တွေအတွက် အီရန်ကို ထပ်ပေးမယ့် အချိန်ဟာ အရမ်းများများ ရှိမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။ နှစ်ရက်၊ သုံးရက်၊ ဒါမှမဟုတ် လာမယ့် သောကြာ၊ စနေ၊ တနင်္ဂနွေ၊ ဒါမှမဟုတ် နောက်တစ်ပတ် အစောပိုင်းလောက်ထိပဲ အီရန်အတွက် အချိန်အကန့်အသတ် ခွင့်ပြုချက် ရမှာဖြစ်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

ကိုးကား: AFP, Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အုပ်စုအောက်ဆုံးအီ​ကွေ​ဒေါကဂျာမနီကိုအနိုင်ယူပြီးရှုံးထွက်တက်ဖို့အ​ခြေအ​နေ​ကောင်း

နိုင်ငံတကာ

အမေရိကန် အနေနဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီက သစ္စာရှိမှုကို လိုချင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းတဲ့ ကုန်တင်သင်္ဘော တစ်စီးဟာ အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို ဝင်ရောက် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲက အတည်ပြုခဲ့ပါတယ်။