Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထောင်မကျချင်လို့ထွက်ပြေးလာတဲ့ တရုတ်အမျိုးသမီး ဘန်ကောက်မှာ အဖမ်းခံရ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Bangkok Post

စက်တင်ဘာ – ၁၅ ၊၂၀၂၆

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

ဝမ်လို့သာ နာမည်ဖော်ပြထားတဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးဟာ ပြည့်တန်ဆာ လုပ်ငန်းတွေအတွက် ပွဲစားအဖြစ် ချိတ်ဆက်ပေးခဲ့တဲ့ အမှုတွေကြောင့် တရုတ်မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာရှိတဲ့ ရှီရှင့်တန်တရားရုံးက ဝမ်ဟာ ပြစ်မှုထင်ရှားတယ်ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ထောင်ဒဏ် ၆ နှစ်နဲ့ ဒဏ်ငွေ ယွမ် ၅ သိန်း ချမှတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်တော့ ဝမ်ဟာ ကိုယ်ဝန်ရှိနေတဲ့အတွက် သူ့ကို ချုပ်နှောင်ထားရာကနေ အာမခံနဲ့ ပြန်လွှတ်ပေးထားခဲ့ပါတယ်။ အဲဒီ အခြေအနေကို အသုံးချပြီး ဝမ်က ထိုင်းနိုင်ငံဆီ ထွက်ပြေးလာပြီး ပုန်းအောင်းနေခဲ့တာပါ။

မနှစ်က ဒီဇင်ဘာလမှာ ဝမ်ဟာ ကွမ်ရှီးပြည်နယ်ကနေ ဗီယက်နမ်နဲ့ နယ်စပ်မှာရှိတဲ့ ပင်ရှန်းမြို့ဆီ ရထားနဲ့ သွားရောက်ခဲ့ပြီး တရုတ် အာဏာပိုင်တွေရဲ့ ရှာဖွေ ဖမ်းဆီးမှုကနေ ရှောင်တိမ်း လွတ်မြောက်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ ဗီယက်နမ်ကို တရားမဝင် ဝင်ရောက်ခဲ့တယ်လို့ ယူဆရပါတယ်။

နောက်တော့ဝမ်ဟာထိုင်းနိုင်ငံကိုတရားမဝင်ဝင်ရောက်လာပြီးဘန်ကောက်ရဲ့ ဟွိုင်ခွမ်းဧရိယာ တဝိုက်မှာ ပုန်းလျှိုးကွယ်လျှိုး နေထိုင်နေကြောင်း ထိုင်းရာဇဝတ်နှိမ်နင်းရေးဌာန (CSD)က စုံစမ်း သိရှိလာပါတယ်။

အဲဒီနောက် ထိုင်းရဲတွေက ဝမ်ရဲ့ သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်ခဲ့ပါတယ်။ ပြီးတော့ ဝမ်ဟာ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပြဿနာတွေကို ရှောင်လွှဲဖို့ visa run လုပ်ထုံးလုပ်နည်းကို အသုံးချဖို့ စီစဉ်နေကြောင်း သိရှိလာပါတယ်။ အဲဒီ visa run ဆိုတာက ထိုင်းကနေ ထွက်ခွာသွားပြီး နောက်တစ်ခါ ပြန်လည် ဝင်ရောက်လာရင်း နေထိုင်ခွင့်ကာလ သက်တမ်း ထပ်တိုးတာမျိုးကို ဆိုလိုတာပါ။

စက်တင်ဘာ ၁၁ ရက်နေ့မှာ ဝမ်ဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်ဆီ လေကြောင်းခရီးစဉ်နဲ့ ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီနောက် ဧပြီ ၁၄ ရက် ညပိုင်းမှာ ဘန်ကောက်ရဲ့ သုဝဏ္ဏဘူမိ လေဆိပ်ဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ရဲတွေကလည်း သတင်းအရ ကြိုစောင့်နေခဲ့ပြီး လေဆိပ်နားက ကြိုတင် ချိန်းဆို ငှားရမ်းထားတဲ့ ကားတစ်စီးဆီ အမျိုးသမီးက သွားရောက်ချိန်မှာ သူ့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းကထုတ်ပြန်တဲ့ဓာတ်ပုံတွေထဲမှာတော့အမျိုးသမီးဟာ ကိုယ်ဝန် ဆောင်ထားတဲ့ အခြေအနေမျိုး မတွေ့ရဘဲ သူ့ကိုယ်ဝန်က ဘာဖြစ်သွားသလဲ၊ ကလေးကို မီးဖွားပြီးပြီလားဆိုတဲ့ အချက်အလက်တွေကိုတော့ မသိရပါဘူး။

CSDက ဝမ်ကို တရုတ်နိုင်ငံဆီ ပြန်လည် လွှဲပြောင်းပေးပြီး သူ့အတွက် ပြစ်ဒဏ်စီရင်ချက်ကို ဆက်လက် ကျခံရမယ်လို့လည်း ပြောကြားထားပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

Facebook