Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်းလူငယ် သေဆုံးမှုကို စုံစမ်းစစ်ဆေးရာမှာ ပူးပေါင်းသွားမယ်လို့ ထိုင်းစစ်တပ် ကတိပေး

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

ဓာတ်ပုံ - Thai PBS

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

အသက် ၂၀ အရွယ် တပ်သား သီတစ်ကွန်ရဲ့ ရုပ်အလောင်းကို နက်ခွန် ရတ်ချာဆီမာမှာရှိတဲ့ ဆူရာသမ်ပီတက် စစ်စခန်းနားမှာ စက်တင်ဘာ ၁၂ ရက်နေ့က ရှာတွေ့ခဲ့ပြီး သေမှုသေခင်းဆိုင်ရာ ရင်ခွဲစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သီတစ်ကွန်ဟာ ထိုင်းရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ အခုနှစ် ပထမဆုံးအသုတ် ဆင့်ခေါ်မှုမှာ တပ်ထဲ ရောက်လာတဲ့ ပြည်သူ့စစ်မှုထမ်း တစ်ဦးဖြစ်ပါတယ်။ သူ့ကို အမှတ် ၃ ဆေးတပ်ရင်းရဲ့ တပ်ဖွဲ့ခွဲ တစ်ခုကို ပို့ဆောင်ပေးထားခဲ့တာပါ။

အမှတ် ၂ စစ်ဒေသ ကွပ်ကဲရေး ဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အမှတ် ၃ ဆေးတပ်ရင်းရဲ့ သက်သာချောင်ချိရေး ကော်ဖီဆိုင် အနောက်မှာ စက်တင်ဘာ ၁၂ ရက်နေ့တုန်းက စစ်သားတချို့က သီတစ်ကွန်ရဲ့ အလောင်းကို ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် တာဝန်ကျ အရာရှိတွေက ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး စစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလောင်းရဲ့ ခန္ဓာကိုယ်မှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံထားရတဲ့ ဒဏ်ရာမျိုးတွေတော့ ထင်ထင်ရှားရှား မတွေ့ရပါဘူး။ အခုတော့ အလောင်းကို ဆေးရုံပို့ရင်း ရင်ခွဲစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။

သီတစ်ကွန်ဟာ ခွင့်ရလို့ စက်တင်ဘာ ၁ ရက်ကနေ ၁၀ ရက်နေ့ထိ နေအိမ်ကို ပြန်သွားခဲ့ကြောင်း သူ့ရဲ့ တာဝန်ကျ ယူနစ်က ပြောပါတယ်။ ဒါပေမဲ့ ခွင့်ရက်စေ့တဲ့ထိ ပြန်မလာလို့ မိသားစုဆီ ဆက်သွယ်တဲ့အခါ သီတစ်ကွန်က တပ်ဆီ ပြန်သွားပြီလို့ မိသားစုက ပြောပြခဲ့ပါတယ်။ သူပျောက်ဆုံးနေကြောင်း သိသိချင်း မိသားစုဟာ နီးစပ်ရာ မိတ်ဆွေ သူငယ်ချင်းတွေကိုပါ ဖုန်းဆက် စုံစမ်းခဲ့ပေမယ့် သတင်းအစအန မရခဲ့ပါဘူး။

အမှတ် ၂ စစ်ဒေသ ကွပ်ကဲရေး ဌာနဟာ သီတစ်ကွန်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်အရာရှိတွေကိုလည်း စစ်ဆေး မေးမြန်းခဲ့ပြီး ဘယ်သူနဲ့မှ ခိုက်ရန်ဖြစ်ပွားထားတာ မရှိဘူးလို့ အတည်ပြုခဲ့ပါတယ်။ လက်ရှိမှာတော့ သေမှုသေခင်းဆိုင်ရာ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး စစ်တပ်က အပြည့်အဝ ပူးပေါင်း ကူညီပေးသွားမယ်လို့ အမှတ် ၂ စစ်ဒေသ ကွပ်ကဲရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုပ်အလောင်းကိုတော့ မဟာရက်ဂျ် နက်ခွန် ရတ်ချာဆီမာ ဆေးရုံရဲ့ မှုခင်းဆေးပညာ ဌာနဆီကို ရင်ခွဲစစ်ဆေးမှုတွေအတွက် ပေးပို့ထားပါတယ်။ စစ်တပ်ဟာ သီတစ်ကွန်ရဲ့ မိသားစုဆီကိုလည်း အကြောင်းကြားခဲ့ပါတယ်။

သေမှုသေခင်း စစ်ဆေးမှုတွေကို ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ အေဂျင်စီတွေက ဦးဆောင်နေပြီး စစ်တပ်ကတော့ လိုအပ်သမျှ ပံ့ပိုးပေးနေကြောင်း၊ စုံစမ်းစစ်ဆေးမှု ရလဒ်တွေ ထွက်ပေါ်မလာသေးခင် ဘာကိုမှ အသေးစိတ် မှတ်ချက် မပေးလိုသေးကြောင်း အမှတ် ၂ စစ်ဒေသ ကွပ်ကဲရေး ဌာနက ပြောကြားထားပါတယ်။

ကိုးကား: Thai PBS

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

သတင်း

တနင်္သာရီတိုင်း၊ခမောက်ကြီးမြို့နယ်မှာစစ်တပ်စစ်ကြောင်း ဝင်လာလို့ကြောက်လန့်ပြီး ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတဲ့ စက်လှေ တိမ်းမှောက်ပြီးဒေသခံနှစ်ဦးသေဆုံးသွားတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

သတင်း

မြန်မာဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လို့ ထိုင်းဖက်ခြမ်းမှာရေကြီးမှာမဟုတ်ဘူးလို့ ထိုင်းမိုးလေဝဌာန(TMD)ကရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

Trending

Facebook