Connect with us

Hi, what are you looking for?

သတင်းဆောင်းပါး

ထီးချိုင့်- အင်းတော်လမ်းက ပိုင်ရှင်မဲ့ အလောင်းများ

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

မေ-၂၀၊၂၀၂၆။ရှိန်း/People’s Spring

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

ဒီလမ်း ‌‌‌ကတိုက်ပွဲတခုအတွင်း လူထုနွေဦးကရရှိထားတဲ့ သတင်းဓာတ်ပုံအချို့မှာလည်း ပစ တံဆိပ် တွေ တွေ့ရပါတယ်။

ဒါကို အတည်ပြု ပေးတာက တော့ ကသာမြို့တိုက်ပွဲမှာ ​​သေဆုံးခဲ့တဲ့ ပြည်သူ့စစ်‌ တယောက်ရဲ့မိခင်ပါ။စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းဝိုင်းမှာနေပြီး စစ်တပ်က အန္တရာယ်ပြုခံရမှာ စိုးရိမ်တဲ့အတွက်မိခင်ကအချက်အလက် တချို့ကိုထည့်သွင်းမဖော်ပြဖို့ တောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၅ခုနှစ် နှစ်ကုန်ပိုင်းမှာ ကိုမင်း​အောင်(အမည်လွှဲ)ကို စစ်တပ်ကစစ်မှုထမ်းခေါ်ခဲ့ပါတယ်။

“ကိုယ်ကဒီနီးစပ်တဲ့အသိုင်းဝိုင်းဖြစ် နေတာရယ်။တပ်ကလည်း သင်တန်းဆင်းရင်ပြန်ခေါ်ပြီး ဒီထဲမှာ နေရာတခု ပေးမယ်လို့ လူကြီး တွေကပြောတာကိုယုံမိပြီး ကိုယ်ကလည်းကြည်ကြည်ဖြူဖြူထည့်မိတာပေါ့။ ဒီမှာဒီလိုအရာရှိ ရဲ့ဆွေမျိုးနီးစပ် တွေဆိုရင်ပသစဆိုလည်းရှေ့တန်းမထည့်ဘဲ အနောက်မှာပဲအထိုင်ထားတာ တွေလည်းရှိတယ်။ကိုယ် တွေလည်းအဲ့လိုရမယ်ထင်တာပေါ့ “လို့ မိခင်ဖြစ်သူက ပြောပါတယ်။

အဲဒီနောက် တစ်လခန့်အကြာမှာ သားဖြစ်သူနဲ့ အဆက်အသွယ်ပြတ်သွားပြီး စစ်သင်တန်းပို့လိုက်တယ်လို့သာ သတင်းကြားရပါတယ်။စစ်သင်တန်းကို မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်‌​အောက်ခံ ၊ အမှတ်၁၁၉ ​ခြေလျင်တပ်ရင်း(ခလရ၁၁၉) မှာတက်ရပါတယ်။

၂၀၂၆ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဇန်နဝါရီလနောက်ဆုံးပတ်မှာစစ်မှုထမ်းသင်တန်းဆင်းပြီး မိခင်နဲ့ မတွေ့ခဲ့ရဘဲကသာမြို့ကို သွားတဲ့ စစ်ကြောင်းမှာ ပါသွားတယ်လို့သာ မိခင်ကသိခဲ့ပါတယ်။အဲဒီနောက်ဖေဖော်ဝါရီလမှာတော့ ကသာမြို့မှာ တခြားရဲဘော် ၇ ဦးနဲ့အတူ တိုက်ပွဲကျသွားတယ်လို့ စစ်တပ်က အကြောင်းကြားခဲ့ပါတယ်။

“ကျွန်မတို့ သိတဲ့အချိန်ကသားနာ ရေးပြီးပြီတဲ့။အလောင်းလည်းမရဘူး။တခြားရဲဘော်၇ ယောက်နဲ့အတူတူ တပြိုင်ထဲလုပ်ပေးခဲ့တယ်လို့ သူတို့အရာရှိက အကြောင်းကြားတယ်”လို့ မိခင်ဖြစ်သူက ပြောပါတယ်။

မိခင်အတွက် သားဖြစ်သူသတင်းကြားရတာအဲတာနောက်ဆုံးပါ။ စစ်တပ်အတွက်ပေးဆပ်ရင်း ကိုမင်း​အောင် တ​ယောက်လူမသိ၊သူမသိ သေဆုံးသွားပါတယ်။

အလားတူပါပဲ ထီးချိုင့်မြို့ကို စစ်တပ်ကပြန်သိမ်းပြီး ကသာမြို့ကို အင်အားဖြည့်ကာ အင်းတော်နဲ့ မော်လူးကို သိမ်းဖို့ စစ်ကြောင်း တွေထွက်လာပါတယ်။ဒီစစ် ကြောင်းတွေကို ဦးစီးထားတဲ့သူနှစ်ဦးကစစ်တက္ကသိုလ်(DSA)အပတ်စဉ်-၆၁ က ဗိုလ်ကြီးနှစ်ဦးပါ။ နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့မတ်လ၃၀ ရက်နေ့ကမှ အဆင့်မြင့်ပညာ စာပေ-၂ ဆိုတဲ့ စစ်တက္ကသိုလ်ကနေ ဘွဲ့လွန် သင်တန်းဆင်းထားတဲ့ နှစ်ဦးပါ။ကျန်တပ်ဖွဲ့ဝင်အများစုက​တော့ စစ်မှုထမ်းသင်တန်းသားသစ်(ပစ)တွေဖြစ်ပါတယ်။

“တပ်စိတ်တခုမှာ စစ်သားအစစ်တခြားအဆင့်က ၃ ယောက် လောက်ဆိုတာအလွန်ဆုံးပဲပါတာ။အခု အင်းတော်၊ကသာ၊ထီးချိုင့်၊မော်လူး၊ဗန်းမောက်ထိုး နေတဲ့ စစ်ကြောင်း​တွေမှာအများစုက စစ်မှုထမ်း တွေပဲ”လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ကသာမြို့က နေအထွက် ကသာ- နဘား ကြားထဲမှာ ဒီစစ် ကြောင်းထဲက တကြောင်းတိုက်ခိုက်ခံရပါတယ်။ ဧပြီ၂၇ ရက် နဲ့ ဧပြီ၂၈ ရက်တွေမှာ ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ၂၈ရက် နေ့မှာ စစ်ကောင်စီဘက်က စစ်သားတဦးအရှင်ဖမ်းမိပြီး လက်နက် လေးလက်ရကာ ဗိုလ်ကြီးတဦး အပါအဝင် စစ်တပ်အကျဆုံးများခဲ့တယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောရပါတယ်။

အဲဒီတိုက်ပွဲမှာ စာပေ-၂ သင်တန်းဆင်းထားတဲ့ဗိုလ်ကြီးတဦးအပါအဝင် စစ်သား၇ဦးသေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ဗိုလ်ကြီး အလောင်းကိုသာ အရပြန်ဆွဲခဲ့ပြီး စစ်သားသစ်(ပစ)တွေရဲ့အလောင်းတွေကိုဒီအတိုင်းထားခဲ့တယ်လို့ ပူး ပေါင်းတပ်မှာပါဝင်သူတချို့က ပြောပါတယ်။

ဒါ့အပြင်မေလ ၁၀ရက်နဲ့၁၁ရက် နေ့မှာလည်း အာရက္ခတပ်​တော်( AA)ဦးဆောင်တဲ့ ပူးပေါင်းတပ် တွေက ထီးချိုင့်-ကသာ ကူးနေတဲ့ယာဉ်တန်းကို တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲအတွင်းစစ်တပ်စစ်​ကြောင်းက​သေဆုံးဒဏ်ရာရသူများခဲ့ပါတယ်။ စစ်တပ်က အလောင်း တွေမှာ ပစလို့ရေးထားတဲ့စစ်မှုထမ်းအလောင်းတွေ အများဆုံးတွေ့ရတယ်လို့ တော်လှန်ရေး ရဲ ဘော်တဦးက ပြောပါတယ်။

“ဒီဘက် သပိတ်ကျင်းမြို့နယ်မှာလည်း ပျောက်ကြားလှုပ်ရှားတာတွေရှိတယ်။အင်း တော်ဘက်ခြမ်းမှာလည်းမကြာခဏပွဲလေးတွေဖြစ်တယ်။ကျန်ခဲ့တဲ့ အလောင်းတွေမှာဆို စစ်မှု ထမ်းအလောင်းတွေပဲ တွေ့ရတယ်။ဘာဖြစ်လို့အလောင်းကိုရသလောက် သူတို့(စစ်တပ်)ကပြန်မယူလဲ။စစ်မှုထမ်းဖြစ် နေလို့လား”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်ရှိလည်း အင်းတော်-ကသာ လမ်းပိုင်းနဲ့ အင်းတော် မြို့နယ်မှာလည်း တော်လှန်ရေးတပ် တွေက စစ်တပ်အထိုင်စခန်း တွေကိုလျှပ်တပျက်ထိုးစစ်တင်သိမ်းပိုက်တာ၊ပျောက်ကြားတိုက်ပွဲတွေဆက်တိုက်ဖြစ် နေပြီး အလောင်းနဲ့ လက်နက်ရတာတွေ ရှိပါတယ်။

ကချင်ပြည်နယ်ကိုသွားတဲ့ ယာဥ်တန်း

စစ်တပ်ကဧပြီလ၂၉ ရက်နေ့က သင်တန်းဆင်းခဲ့တဲ့ အပတ်စဉ်၂၂သင်တန်းသား တွေကို ချက်ချင်း သပိတ်ကျင်းမြို့နယ်၊ချောင်းကြီးရွာ အပါအဝင် မန္တလေး- မြစ်ကြီးနား လမ်းပိုင်းကို အင်အားဖြည့်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ဒါ့အပြင်စစ်တပ်က ထိန်းချုပ်​ဒေသ​တွေမှာနေရာအနှံ အဓမ္မစစ်သားသစ်စု​ဆောင်းတာ၊ပေါ်တာဆွဲတာ​တွေလုပ်​နေပေမယ့် အပါတ်စဥ် ၂၅ အတွက်သတ်မှတ်လူဦး ရေမပြည့်သေးလို့ အဓမ္မစု​ဆောင်းထားတဲ့စစ်သားတွေ စစ်သားစုဆောင်းရေး တွေမှာပဲရှိနေသေးပြီးသင်​တန်း​တွေကိုမပို့သေးဘူးလို့ မိသားစုဝင်တချို့က​ပြောပါတယ်။

ရွှေဘိုခရိုင်၊အမှတ်(၉၇၀၆)တပ်ရင်း ၊တပ်ရင်းမှူးကိုလကျာ် ကလည်း စစ်တပ်က စစ်သားသစ်​တွေကိုဘယ်လိုသုံး​နေလဲဆိုတဲ့အ​ပေါ် “ကျွန်တော်တို့လက်တွေ့ကိုကြုံတာရှေ့မှာက ငယ်ငယ်လေးတွေဗျ။ တချို့ကလေးတွေဆိုလို့ရှိရင် ၁၅ နှစ် ၁၆ နှစ်လောက်ပဲရှိမှာ ။ သေတဲ့ကလေးတွေက ။အဲဒီတော့ ပြီးတော့ ပြန်သိရတဲ့ အခြေအနေကလည်းသူတို့နောက်က‌နေပြီး သေနတ်နဲ့ ထောက်ထားတယ်။ အဲဒီ့အခြေအနေကိုရှေ့ကနေပြီးတော့ တောက်လျှောက်တွန်းခိုင်းတာမျိုးရှိတယ်ပေါ့ဗျာ။ သေတွင်းထဲတောက်လျှောက် ၊ ဘယ်လိုခေါ်မလဲ။ သူတို့ကခွဲခြားတဲ့ အခြေအနေတွေရှိတယ်ဗျာ။သ​န္ဓေ စကစ စစ်သားနဲ့ ‌အခု‌ကဒီပေါ်တာဆွဲတဲ့ ကလေးတွေနဲ့ဟာတွေကဘယ်လိုပြောရမလဲဆိုတော့ ကွာတယ်ပေါ့။ သူတို့ကိုပဲရှေ့ကတက်ခိုင်းတဲ့ အခြေအနေတွေရှိတယ်”လို့ ပြောပါတယ်။

(ကချင်ပြည်နယ်ကိုသွားတဲ့ ယာဥ်တန်း နဲ့ ယာဥ်တန်းမှကားတစ်စီးတိုက်ခိုက်ခံရစဥ်/ တိုက်ပွဲအတွင်း စစ်မှုထမ်းစစ်သားသစ်တဦးရဲ့အ​လောင်းတစ်​လောင်း။ဓါတ်ပုံ-CJ ၊​ပေးပို့ )

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

သတင်း

​ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် ​သေဆုံးထိခိုက်သူများ​နေ

Facebook