■လက်နက်ခဲယမ်းအများအပြား PDF တွေသိမ်းဆည်းရရှိ
■အင်းတော်မြို့နယ်ထဲစစ်ကူလာပို့တဲ့စစ်တပ်လေယာဥ်ကိုတော်လှန်ရေးတပ်တွေပစ်ခတ်တာထိမှန်လို့ မီးခိုးအူသွားဟုဒေသခံပြော
အောက်တိုဘာ-၃၀၊၂၀၂၆။အိမ်သွင်/People’s Spring
အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ အောက်တိုဘာ ၂၉ ရက်နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်ပြေးသွားရကာ PDF တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

Public Service Announcement
စစ်တပ်ကမန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းအတိုင်း တစ်ဆက်တည်းရှိနေတဲ့ ထီးချိုင့်-အင်းတော်-ကသာမြို့လမ်းပိုင်းကိုလည်း ထိန်းချုပ်ဖို့ကြိုးစားနေဝာာကနေ စက်တင်
ဘာလကတည်းက တိုက်ပွဲတွေပြင်းထန်နေတာပါ။အင်းတော်-ဝန်းသိုလမ်းပိုင်းမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပြီး အောက်တိုဘာလ၂၉ရက်နေ့တိုက်ပွဲမှာ စစ်တပ် စစ်ကြောင်းကို အနီးကပ် ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့တာလို့ တော်လှန်ရေးတပ်တွေနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
“အင်းတော်ဘက်ကိုပြန်ဆုတ်ပြေးပြီ။မနေ့ကတိုက်ပွဲမှာကစဉ့်ကလျားပြေးတာ။ခဲယမ်းတွေ တော်တော်များများရလိုက်တယ်။အရင်ရက်ကမြုပ်ထားတဲ့ရုပ်လောင်းတွေလည်းတွေ့တယ်”လို့ အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။
တိုက်ပွဲဖြစ်နေတဲ့နေရာကို စစ်တပ်က Y-12ထောက်ပို့လေယာဉ်နဲ့ လာပို့တဲ့ ထောက်ပို့ပစ္စည်းတွေအပါအဝင် လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ကောလင်းခရိုင် ၊ အမှတ်(၄)တပ်ရင်းကအောက်တိုဘာလ၃၀ရက်ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
လက်ရှိအပြင်းထန်ဆုံးဖြစ်နေတဲ့အင်းတော်တိုက်ပွဲအတွင်းတပ်မ(၃၃)လက်အောက်ခံနည်းဗျူဟာတပ်ရင်းတွေ ပါဝင်နေပါတယ်။ အောက်တိုဘာလ နောက်ဆုံးရက်သတ္တပတ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းတပ်မ(၃၃)လက်အောက်ခံနည်းဗျူဟာ(၂) ရဲ့နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ဆန်းဝင်း သေဆုံး(သို့မဟုတ်)ပျောက်ဆုံးနေပါတယ်။
ဒါ့အပြင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရာချီပြီးသေဆုံးခဲ့သလို လက်နက်ချအလင်းဝင်သူတွေရှိနေတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်တပ် စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားပြီးတဲ့နောက် လေကြောင်းတိုက်ခိုက်မှုတွေပိုမိုများပြားလာတယ်လို့ သတင်းရရှိပါတယ်။ ဒီအောက်တိုဘာ ၃၀ ရက်ညနေပိုင်းမှာအင်းတော်မြို့နယ်ထဲက ဗုဒလက်ရွာဘက်ကိုစစ်ကူလာပို့တဲ့ထောက်ပို့လေယာဉ်ကိုတော်လှန်ရေးတပ်တွေကပစ်ခတ်တာမှာ ထိမှန်ပြီး မီးခိုးအူသွားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်တော့မသိရသေးပါဘူး။
လက်ရှိမှာဝန်းသိုမြို့ နဲ့ဆက်စပ်နေတဲ့ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူးမြို့နယ်တွေထဲကရွာတွေမှာ စစ်ကြောင်းအန္တရာယ်ကို နားစွင့်စောင့်ကြည့်ဖို့နဲ့ လေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြဖို့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တွေကသတိပေးထားပါတယ်။
လက်ရှိတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်တွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(စစ်ရုံးချုပ်)ကတော့သတင်းအသေးစိတ်မထုတ်ပြန်သေးပါဘူး။ စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုတွေများပြားနေကြောင်းနဲ့ အသေးစိတ်ကို သင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့တော့ MOD က အောက်တိုဘာလ၁၉ရက်နေ့မှာ အသိပေးထားပါတယ်။




















































