Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့နယ်တိုက်ပွဲမှာ ကျဆုံးရဲဘော်များအား ဦးညွှတ်ကြောင်း NUG ကာကွယ်ရေးထုတ်ပြန်

မကွေးတိုင်း၊ချောက်မြို့နယ်၊တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မကွေးခရိုင် မှ ကျဆုံးရဲဘော် အာဇာနည်များအား ဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ -NUG MOD

ဇူလိုင်-၁၂၊၂၀၂၆။ထားမြတ်/People’s Spring

မကွေးတိုင်း၊ချောက်မြို့နယ်၊တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မကွေးခရိုင် မှ ကျဆုံးရဲဘော် အာဇာနည်များအား ဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၀ရက်က ချောက်မြို့နယ် တောင်သာရွာအနီး တိုက်ပွဲမှာ PDF ရဲဘော် ၂၀ဦး ကျဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ကြယ်ဖြူ ၂၀ လုံးပါ ပုံကိုဖော်ပြပြီး “၂၀၂၆ ခုနစ်၊ ဇူလိုင်လ (၁၀) ရက်၊မကွေးခရိုင်မှ ကျဆုံးရဲဘော် အာဇာနည်များအား ဦးညွှတ်ပါ၏”လို့ ဇူလိုင် ၁၂ရက်မှာထုတ်ပြန်ခဲ့တာပါ။

ချောက်မြို့နယ် တိုက်ပွဲကို သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့နဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အသေးစိတ် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

ဒေသ သတင်းရင်းမြစ်အချို့ပြောကြားချက်အရ ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကိုခုခံတိုက်ခိုက်ဖို့ ကြိုးပမ်းရင်းရဲဘော်တွေကျဆုံးတာ၊ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ချောက်မြို့နယ် တိုက်ပွဲမှာPDF ရဲဘော်တွေ ကျဆုံးခဲ့ရမှုကို အခြားဒေသရှိ ကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း ဝမ်းနည်းကြောင်းအထိမ်းအမှတ် သေနတ်ပစ်ဖောက် အလေးပြုတာ၊ PDF အလံကို တဝက်လွှင့်ထုတာတွေ ပြုလုပ်ခဲ့ပါတယ်။

“ မကွေးတိုင်း ချောက်မြို့နယ် တောင်သာကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျနော်တို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်အများအပြား ထိခိုက်ကျဆုံးခဲ့ရပါတယ်ခင်ဗျာ။ အဲဒီဖြစ်စဉ် အတွက် ကျနော်တို့ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့အနေဖြင့် များစွာ ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်”လို့စဉ့်ကိုင်း

ပကဖ တာဝန်ရှိသူက ချောက်မြို့နယ်မှာ ကျဆုံးရဲဘော်တွေကိုသေနတ်ပစ်ဖောက်အလေးပြုခဲ့တဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးတဲ့အချိန်ထိ တိုက်ပွဲဝင်သွားမယ်လို့လည်း စဉ့်ကိုင်ပကဖ တာဝန်ရှိသူက ချောက်တိုက်ပွဲမှာကျဆုံးခဲ့တဲ့ ရဲဘော်တွေကို တိုင်တည် ကတိသစ္စာပြု ပြောကြားခဲ့ပါတယ်။

PDF ဗျူဟာ ၃၃ ဗျူဟာမှူး ရဲဘော်စောဒါးကိုကလည်း “နောက်ဆုံး ကျန်တဲ့ ကျည်ဆံတတောင့်အထိ ငါတို့ခုခံတော်လှန်ကြမယ်…ဒီစစ်ပွဲဟာ ငါတို့မျိုးဆက်နောက်ဆုံးဖြစ်ပါစေ” လို့ ရေးသားကာ ချောက်တိုက်ပွဲကျဆုံးရဲဘော်တွေ ကို အလေးပြုကြောင်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အပြင် အခြားသောစစ်လက်နက်ပစ္စည်းဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ ရိက္ခာနဲ့ ဆေးဝါး၊ လေ့ကျင့်ရေး၊ စစ်ဆင်ရေးနဲ့ မဟာမိတ်မျှဝေမှုတွေကို ပြည်ထောင်စုရန်ပုံငွေမှ ရရှိသော ရန်ပုံငွေများမှ မျှဝေသုံးစွဲလျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ သတိပေးလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဩဂုတ် ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook