Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းနဲ့ တရုတ်ကြား စစ်ရေးဆိုင်ရာ ပူးတွဲကော်မတီတစ်ခု ထားရှိဖို့ သဘောတူ

စစ်ရေးဆိုင်ရာ ပူးတွဲကော်မတီတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ထိုင်းနဲ့ တရုတ်တို့ကြား ကနဦးအဆင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - PM's Press Office

စစ်ရေးဆိုင်ရာ ပူးတွဲကော်မတီတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ထိုင်းနဲ့ တရုတ်တို့ကြား ကနဦးအဆင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

အဲဒီ ကော်မတီဟာ စစ်ရေး၊ စစ်သုံးပစ္စည်းနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူရဲ့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော် ခရီးစဉ်မှာ ရယူခဲ့တဲ့ သဘောတူညီမှုတွေထဲက နောက်ထပ်တစ်ခုကို အကောင်အထည် ဖော်လာနိုင်ခြင်းလည်း ဖြစ်ပါတယ်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ရာချာဒါ ဒါနာဒီရက်ခ်က အသစ်ဖွဲ့စည်းမယ့် ဝန်ကြီးအဆင့် ကော်မတီဟာ နှစ်နိုင်ငံကြား ရေရှည် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒတွေကို ဖော်ဆောင်နိုင်ဖို့ အဓိက ရည်ရွယ်ကြောင်း ပြောပါတယ်။

ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ အချင်းချင်း တွေ့ဆုံဆွေးနွေးကြမယ့် ထိုင်းဖက်က အဆိုပြုချက်ကို တရုတ် ကာကွယ်ရေး ဝန်ကြီးဖြစ်သူ သေနာပတိ ဒေါင်ဂျောင်က ထောက်ခံခဲ့ပါတယ်။ အဲဒီ ကော်မတီဟာ လုံခြုံရေး မူဝါဒ ညှိနှိုင်းမှုတွေကို ပိုမို အားဖြည့်ဖို့၊ နှစ်နိုင်ငံကြား ထောက်လှမ်းရေး သတင်းအချက်အလက်တွေ မျှဝေဖို့၊ ကာကွယ်ရေး စက်မှုလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ တိုက်ဖျက်ဖို့ အဓိက ရည်ရွယ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တရုတ်နဲ့ ထိုင်းတို့ဟာ ကာကွယ်ရေးဆိုင်ရာ သုတေသန၊ ကုန်ထုတ်စွမ်းအား၊ နည်းပညာ လွှဲပြောင်းမှု အပိုင်းတွေမှာလည်း ပိုမိုပူးပေါင်းဖို့ ဆွေးနွေးနေပါတယ်။ ပြီးတော့ ၂၀၂၇ ခုနှစ်မှာ ကျင်းပမယ့် ထိုင်းကာကွယ်ရေးနဲ့ လုံခြုံရေး ပြပွဲမှာလည်း တရုတ်ကုမ္ပဏီတွေ ပါဝင်ပြသဖို့ ထိုင်းက ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Thai Enquirer

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။