Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ်ကို ဖြတ်သန်းဖို့ ကြိုးစားရင်း ရေနံတင်သင်္ဘော ၄ စီး မိုင်းထိပြီး မီးလောင်ခဲ့တယ်လို့ အီရန်ပြော

ဟောမုဇ် ရေလက်ကြားကို ဖြတ်ဖို့ ကြိုးစားရာက ရေနံတင် သင်္ဘော ၄ စီး ရေမြှုပ်မိုင်း ထိမှန်ပြီး မီးလောင်ခဲ့ကြောင်း အီရန်က ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ဟောမုဇ် ရေလက်ကြားကို ဖြတ်ဖို့ ကြိုးစားရာက ရေနံတင် သင်္ဘော ၄ စီး ရေမြှုပ်မိုင်း ထိမှန်ပြီး မီးလောင်ခဲ့ကြောင်း အီရန်က ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့မှာ အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဟောမုဇ်ရဲ့ တောင်ဖက်ပိုင်းမှာ အီရန် ခွင့်ပြုချက် မရဘဲ ဖြတ်သန်း ခုတ်မောင်းဖို့ ကြိုးစားတဲ့ ရေနံတင် သင်္ဘော ၃ စီး ရေမြှုပ်မိုင်းထိပြီး မီးလောင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

နောက်ထပ် ရေနံတင် သင်္ဘောတစ်စီးကလည်း ဟောမုဇ်ရဲ့ အရှေ့ပိုင်း ရေပြင်မှာ အလားတူပဲ မိုင်းထိပြီး မီးလောင်ခဲ့တယ်လို့ IRGCက ဆိုပါတယ်။ အန္တရာယ်များပြီး အသွားအလာ ကန့်သတ်ထားရာ ရေပြင်မှာ ခုတ်မောင်းရာက အခုလို ဖြစ်ရပ် ကြုံခဲ့တာလို့ IRGCက ဆိုပါတယ်။

အမေရိကန်က အီရန်ကို စစ်ပြုတိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်း အီရန်ဟာ နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာရှိတဲ့ ဟောမုဇ် ရေလက်ကြားရဲ့ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ဆို့ထားလိုက်ပါတယ်။ ဟောမုဇ်ဟာ နိုင်ငံတကာကို တင်ပို့တဲ့ ရေနံစုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းလေ့ရှိရာ မဟာဗျူဟာ ရေလမ်းကြောင်း တစ်ခုပါ။

Public Service Announcement

Public Service Announcement

အခုဖြစ်ရပ်မှာတော့ ရေနံတင် သင်္ဘောတွေထဲက သုံးစီးဟာ IRGC ရေတပ် သတိပေးချက်တွေကို မနာခံဘဲ ရေဒါတွေ၊ တည်နေရာပြ စနစ်တွေကို ပိတ်ပြီး ဟောမုဇ်မှာ ခုတ်မောင်းခဲ့ကြတာ ဖြစ်တယ်လို့ အီရန်က ပြောပါတယ်။

မိုင်းထိပြီး မီးလောင်သွားခဲ့တယ်ဆိုတဲ့ ရေယာဉ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဗြိတိန် ရေကြောင်းလုံခြုံရေး အေဂျင်စီ (UKMTO)ကတော့ အိုမန်နိုင်ငံ၊ ခါဆက်ဘ်မြို့ အရှေ့မြောက်ဖက် ရေမိုင် ၂၅ မိုင်လောက် အကွာမှာ သင်္ဘောတစ်စီး မီးလောင်ခဲ့ပေမယ့် အဖွဲ့သားတွေက မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သတင်းရခဲ့ကြောင်း အောက်တိုဘာ ၂၉ ရက် ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

အီရန်ဟာ အမေရိကန်ကို တန်ပြန် ဖိအားပေးတဲ့ အနေနဲ့ ဟောမုဇ်ကို ပိတ်ချထားပြီး ရေမြှုပ်မိုင်းတွေ ထောင်ထားခဲ့ပါတယ်။ အမေရိကန် စစ်တပ်က ဟောမုဇ် ရေလမ်းကြောင်းမှာ မိုင်းတွေအကုန် ရှင်းထားပြီးပြီလို့ ပြောဆိုထားပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဒေသတွင်း ရေပြင်မှာ မိုင်းထိတဲ့ သင်္ဘောအရေအတွက်က တိုးလာနေပါတယ်။ IRGC ပြောရေးဆိုခွင့်ရ အရာရှိ ဟိုစိန်း မိုဟာဘီကတော့ အမေရိကန် အနေနဲ့ ဟောမုဇ်မှာ မိုင်းရှင်းထားတယ် ဆိုတာကို ထုတ်ပြန်ချက် သက်သက်နဲ့တင် မဟုတ်ဘဲ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ သက်သေပြဖို့ လူမှုကွန်ရက်ပေါ်မှာ စိန်ခေါ် ရေးသားထားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဟောမုဇ် ရေလက်ကြားထဲမှာ ၂၄ နာရီအတွင်း သင်္ဘောနှစ်စီး နစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရေနံတွေကို တရားမဝင် ခိုးဝှက်သယ်ဆောင်ပေးနေတဲ့ ရေနံတင် သင်္ဘောတစ်စီးကို ကြားဖြတ် ဖမ်းဆီးခဲ့ကြောင်း ပြင်သစ်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဖက်က ကနဦး ချဉ်းကပ် ကမ်းလှမ်းမှု တစ်ခုကို ပယ်ချထားပေမယ့် နှစ်ဖက်ကြား သဘောတူညီမှု တစ်ခုခု ရယူနိုင်မယ်လို့ ယုံကြည်ထားဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို တစ်ပတ်အတွင်း ပြန်ဖွင့်ပေးမယ့် ကမ်းလှမ်းမှု တစ်ခုကို အမေရိကန်ဆီ ပေးပို့ထားကြောင်း အီရန် အစိုးရက ပြောပါတယ်။