နိုဝင်ဘာ ၂၊၂၀၂၆။သုည/People’s Spring
စစ်ဘေးဒဏ်သင့် မန္တလေးတိုင်းအတွင်းက တော်လှန်ပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ “ငါတို့အမတ် ငါတို့အသံ လှုပ်ရှားမှု” လှုပ်ရှားမှုကို နိုဝင်ဘာ ၁ ရက်က ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက “ငါတို့သံအမတ် ငါတို့အသံ” “OurAmbassador OurVoice” စာတန်းတွေ ကိုင်ဆောင်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဝန်းရံကြောင်း ထောက်ခံခဲ့ကြပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

Public Service Announcement





















































