Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း​ရေ​ဘေးအတွက် NUG နဲ့ ယူနစ်အစိုးရတို့က အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ “အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)” ကို ဖွဲ့စည်းလိုက်ပါတယ်။

(စစ်ကိုင်း​ရေ​ဘေးမှာ NUG လက်​အောက်ခံ ​တော်လှန်​ရေးအဖွဲ့​တွေက ​ဒေသခံ​တွေကိုကူညီ​ရွေ့​ပြောင်း​ပေး​နေကြစဥ်။ဓါတ်ပုံ-NUG/MOD )

သြဂုတ်-၁၀၊၂၀၂၆။ဇော်ရမ်း/People’s Spring

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ “အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)” ကို ဖွဲ့စည်းလိုက်ပါတယ်။

NUG ပြည်ထောင်စုအဆင့် နဲ့ ဖက်ဒရယ်ယူနစ်အစိုးရ လူသားချင်းစာနာမှုဆိုင်ရာဝန်ကြီးဌာနတွေ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၈ရက်မှာ ပြုလုပ်ပြီး JERC ကို ဖွဲ့စည်းလိုက်တာပါ။

စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော်၊ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူနဲ့ဒီပဲယင်း မြို့နယ်‌တွေမှာရေကြီးရေလျှံမှုတွေကြောင့် စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီး ကျေးရွာများစွာမှ ပြည်သူလူထု သောင်းပေါင်း များစွာသည် အရေးပေါ် ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်လို့ NUG ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန (NUG-MoSLHA)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၊ လူသားချင်းစာနာကူညီရေး၊ ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (SFUIG-MoHAREM) တို့က ပူးတွဲသတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

​ကော်မတီအနေနဲ့ အချက်(၄)ချက်ကို အဓိက ရည်ရွယ်ဖွဲ့စည်းတာလို့ အသိပေးထားပါတယ်။

ဘေးသင့်ပြည်သူ‌ တွေဆီ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ကို ထိရောက်စွာ ပံ့ပိုးပေးဖို့၊ထိခိုက်ဆုံးရှုံးမှုနဲ့လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ စုစည်းကာ ခွဲခြမ်းစိတ်ဖြာ၍ တုံ့ပြန်ဖို့ ၊ အကူအညီများ ထပ်နေမှု သို့မဟုတ် လစ်ဟာမှုများမရှိအောင်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ဖို့ နဲ့ ပြန်လည်ထူထောင်ရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည်ရှိစေရေးအတွက် ရေရှည်တည်တံ့ မည့် မူဝါဒများကိုအကောင်အထည်ဖော် ဆောင်ရွက်ဖို့တို့ ဖြစ်ပါတယ်။

ဒါ့အပြင် မြို့နယ်အဆင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကြီးကြပ်ခြင်း၊အခြေအနေအကဲဖြတ်ချက်များ စုစည်းခြင်းမျှတစွာ ဖြန့်ဝေရေး စီမံခြင်း၊နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်များ ရေးဆွဲခြင်းတွေကို ဆောက်ရွက်မယ်လို့လည်း ကြေငြာထားပါတယ်။

JERC အနေဖြင့် လူသားချင်းစာနာမှု၊ တန်းတူညီမျှမှု၊ ပွင့်လင်းမြင်သာမှု၊ ဒေသခံများ၏ ပါဝင်မှုနဲ့ထိခိုက်လွယ်အုပ်စု တွေကို ဦးစားပေးမှုစတဲ့ မူတွေကို အခြေခံပြီးမြို့နယ်အလိုက် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုစာရင်းများ ပြုစုခြင်း၊ အရေးပေါ်လိုအပ်ချက်များ စုစည်းခြင်းနှင့် မရှိမဖြစ်လိုအပ်သည့် အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ သောက်သုံးရေနဲ့အသက်ကယ်ပစ္စည်းများ ထောက်ပံ့ကူညီနိုင်ရေး၊ ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးတို့ကို စနစ်တကျ ဆောင်ရွက်သွားမှာဖြစ်ပြီး JERC ကို လိုအပ်သလို ဆက်လက်တိုးချဲ့ပြင်ဆင်ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ရေဘေးမှာ ဩဂုတ်လ ၉ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းအရ အိမ်ထောင်စု ၅၁,၀၂၈ မှ လူဦးရေ ၂၂၃,၇၆၁ ဦးရေဘေးသင့်နေပြီးဘေးသင့်ပြည်သူတွေဟာကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

မြို့နယ်အများစုကို တော်လှန်ရေးတပ်တွေက နယ်မြေစ်ိုးမိုးထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းအတွင်းလက်ရှိရင်ဆိုင်နေရတဲ့ရေဘေးနဲ့ ပတ်သက်လို့ NUG အစိုးရကဦး‌‌‌ဆောင်ပြီး ကိုင်တွယ်ဖြေရှင်းနေတာပါ။ နယ်မြေစိုးမိုးမှုမရှိတဲ့ အာဏာသိမ်းစစ်တပ်က နှုတ်ဆိတ်နေပါတယ်။ ဧရာဝတီတိုင်းရေဘေးကိုပဲ စစ်တပ်က ကူညီထောက်ပံ့‌နေတာပါ။

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ ဇူလိုင်လ၃၀ရက်နေ့ညက ငဝန်မြစ်ရေကာတာကျိုးကျပြီး လေးမျက်နှာမြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာအချို့မှာ ရေကြီးနေပါတယ်။ ရေဘေးမှာ ဒေသခံနှစ်ဦးသေဆုံးထားပါတယ်။ စစ်ကိုင်းတိုင်းက အဆိုးဆုံး ရင်ဆိုင်‌ နေရတာပါ။

စစ်ကိုင်းတိုင်း ရေဘေးက ပိုမိုဆိုးရွားနေပြီး ဒေသတွင်းမှာမိုးကြီးပြီးတဲ့နောက်ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည်ဟာ ‌ ရေလျှံနေသလို မိုးလည်းဆက်ကြီးနေလို့ ဆည်အောက်ဘက်က မြို့နယ်တွေမှာ ဩဂုတ်လ ၅ရက်နေ့ကစပြီး ရေဘေးကြုံတွေ့နေတာဖြစ်ပါတယ်။ဆည်အောက်ဖက်ကမြို့နယ်တွေဖြစ်တဲ့ကန့်ဘလူ၊ခင်ဦး၊ရွှေဘို၊ဝက်လက်၊တန့်ဆည်၊ဒီပဲယင်း၊ဘုတလင်၊၊အရာတော်မြို့၊ရေဦးမြို့နယ်တွေအပြင် ဒေသတွင်းဆက်စပ်နေတဲ့ ကောလင်းနဲ့အင်းတော်မြို့နယ်တွေမှာလည်း ရေဘေးကြောင့် အခက်အခဲတွေရင်ဆိုင်နေကြရပါတယ်။ ရေဘေးကြောင့် သေဆုံးသူ ၁၆ဦးထက်မနည်း ရှိနေပြီလို့ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ...

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

မန္တလေးတိုင်း၊အမရပူရမြို့နယ်မှာ ဒုဌဝတီမြစ်ရေတက်လာတာကြောင့် မြစ်ငယ်မြို့နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတချို့ ဩဂုတ် ၉ရက်မနက်ပိုင်းစတင်ကာ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာစစ်ကိုင်းတိုင်း၊ဧရာဝတီတိုင်း၊မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့က မြို့ ၁၅ မြို့မှာ ရေကြီးရေလျှံဖြစ်နေပြီး လူဦးရေ လေးသိန်းကျော် ရေဘေးသင့်တယ်လို့ NUG အစိုးရက ထုတ်ပြန်အသိပေးထားပါတယ်။