Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်အနောက်ခြမ်း စစ်တပ်ဗုံးကြဲမှု ဒေသခံ အမျိုးသမီး၂ဦး သေဆုံး၊ ၇ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲသွားတာ ကြောင့် ဒေသခံ အမျိုးသမီး၂ဦး သေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ-၁၆၊၂၀၂၆။ကတ်သရင်း/ People’s Spring

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲသွားတာ ကြောင့် ဒေသခံ အမျိုးသမီး၂ဦး သေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက် ဒီကနေ့ ညနေ ၄နာရီကျော်မှာ တံတားဦး လေတပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့ပြီး စက်လက် တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲခံရမှုမှာ မိုးကြိုးရွာက အမျိုးသမီး ၁ဦး သေဆုံးပြီး အမျိုးသား ၁ဦး နဲ့ အမျိုးသမီး ၂ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိုင့်ဒိုင်ရွာက အသက်၄၀အရွယ် ဒေါ်သင်း ဆိုသူ သေဆုံးပြီး အသက်၆၀ အရွယ် အမျိုးသမီး ၁ဦးနဲ့ ရေလယ်ကျွန်းရွာက အမျိုးသား၂ဦး တို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲလည်း မရှိဘူး။ဘာမှလည်းမရှိဘူးရယ်။ရွာ တွေကို ၄ကြိမ်ပတ်ကြဲပြီး စက်လက် တွေပါဆွဲတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အနောက်ခြမ်းကို နယ်မြေစိုးမိုးမှုရနိုင်ဖို့ ဒရုန်း၊လေယာဉ်၊လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူထိခိုက် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စဉ့်ကူးမြိုနယ်အနောက်ခြမ်းကို ဂျက်ဖိုက်တာ၊Y-12၊ဒရုန်းတွေနဲ့ စစ်တပ်က တပြိုင်တည်းဗုံးကြဲမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တပ်ဖွဲ့ဝင်တွေစစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဟု TNLA ပြောရေးဆိုခွင့်ရှိသူငြင်းဆို

သတင်း

ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လူမျိုးရေးနဲ့ဘာသာရေးအသုံးချပြီး စစ်သားစုဆောင်နေသလို ဒေသခံလူထုရဲ့စည်းလုံးမှုကွဲအောင် လှုံ့ဆော်နေတဲ့အတွက် ဆန့်ကျင်ဖို့နဲ့ ချိန်းခြောက်ခံရပါက လာရောက်ခိုလှုံကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း ရေစကြိုမြို့နယ်ကို စစ်တပ်က ဒရုန်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရဲဘော်ဝေကြီးက ပြောပါတယ်။

ဆောင်းပါး

ပန်းလှတောရကျောင်းတိုက်က သက်တော် ၃၀ နှစ်ကျော်အရွယ် ဦးဇင်းဇနက(ဘွဲ့အမည်လွှဲ)ဟာကျောင်းထဲကို ရွာထဲကဧည့်သည်တွေ ရောက်လာလို့ ရေနွေးနဲ့ ဧည့်ခံဖို့ ပြင်တယ်။ ဦးဇင်းက ပန်းလှတောရကျောင်းတိုက်မှာ သီတင်းသုံးနေတာပါ။ ဦးဇင်းတို့ကျောင်းက ချောင်းဦးမြို့ရဲ့ အရှေ့တောင်အရပ် ၆ မိုင်လောက်အကွာလောက်မှာ ရှိတယ်။ ကျောင်းပေါ်ပေါက်လာတာ သုံးလေးနှစ်လောက်ရှိပါသေးတယ်။ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာ ရွာသူရွာသားတွေရဲ့စေတနာသဒ္ဓါတရားတွေကြောင့်ကျောင်းထဲအဆောက်အအုံလေးတွေ ပေါ်လာခဲ့ရတာပါ။