Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အခုနှစ်အတွင်း ၉ စင်းမြောက် ဒုံးကျည်ကို မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

မြောက်ကိုရီးယားရဲ့ မြို့တော် ပြုံယမ်းနားက စတင် ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ အမြင့် ၅၆၀ ကီလိုမီတာလောက်ထိ ပျံသန်းခဲ့ပြီး ကီလိုမီတာ ၂၇၀ လောက် ခရီးပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ထောက်လှမ်းရေးတွေ ပူးပေါင်း စုံစမ်းနေကြဆဲပါ။

၂၀၂၂ ခုနှစ်အတွင်း ၉ စင်းမြောက် ဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားက စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။

မတ်လ ၄ ရက်မှာ မြောက်ကိုရီးယားက အရှေ့ဖက် ကမ်းလွန် ပင်လယ်ထဲ ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက အတည်ပြုခဲ့ပါတယ်။ တောင်ကိုရီးယား လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဟာ ဒုံးကျည်ရဲ့ ပျံသန်းမှု လမ်းကြောင်းကို စောင့်ကြည့်ခဲ့သလို နောက်ထပ် ပစ်လွှတ်မယ့် အလားအလာတွေကိုပါ စောင့်ကြည့်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားဟာ အဲဒီနေ့မှာ ဒုံးကျည် တစ်စင်းတည်းသာ ပစ်ခတ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ထဲ စတင် ဝင်ရောက်လာတာ ၂ လကျော်လောက်သာ ရှိသေးပေမယ့် မြောက်ကိုရီးယားက ဒုံးကျည်တွေ စမ်းသပ်တာ ၉ ကြိမ်မြောက် ရှိလာပြီလို့လည်း တောင်ကိုရီးယား စစ်တပ်က အတည်ပြုပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသလို ကိုရီးယား ကျွန်းဆွယ်ရဲ့ တည်ငြိမ်မှုကိုပါ ပျက်ပြားစေတယ်လို့လည်း တောင်ကိုရီးယား အာဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ မြို့တော် ပြုံယမ်းနားက စတင် ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ အမြင့် ၅၆၀ ကီလိုမီတာလောက်ထိ ပျံသန်းခဲ့ပြီး ကီလိုမီတာ ၂၇၀ လောက် ခရီးပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ထောက်လှမ်းရေးတွေ ပူးပေါင်း စုံစမ်းနေကြဆဲပါ။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်နဲ့ တိုက်ချင်းပစ်ဒုံးကျည် နည်းပညာ တီထွင်မှုတွေကြောင့် ကုလသမဂ္ဂရဲ့ တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ ကြုံနေရပေမယ့်လည်း ဒုံးကျည် စမ်းသပ်မှုတွေကို ဆက်လက် အရှိန်မြှင့် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။