Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်နဲ့ ပူးပေါင်းပြီး ပြည်တွင်းမှာ ဒုံးကျည်တွေ ထုတ်လုပ်သွားမယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး အတည်ပြု

ပြည်တွင်းမှာ ဒုံးကျည်တွေ ပူးပေါင်းတည်ဆောက် ထုတ်လုပ်သွားဖို့ အမေရိကန်နဲ့ ဂျပန်တို့ကြား သဘောတူညီမှု ရရှိခဲ့ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးက အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - X .com

ပြည်တွင်းမှာ ဒုံးကျည်တွေ ပူးပေါင်းတည်ဆောက် ထုတ်လုပ်သွားဖို့ အမေရိကန်နဲ့ ဂျပန်တို့ကြား သဘောတူညီမှု ရရှိခဲ့ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးက အတည်ပြုခဲ့ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းတုန်းက ဖိလစ်ပိုင် အလယ်ပိုင်း၊ စီဘူမြို့မှာ ဂျပန် ကာကွယ်ရေး ဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက အခု သတင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ စီဘူမှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ကာကွယ်ရေး ဝန်ကြီးတွေ အစည်းအဝေးကို တက်ရောက်ခဲ့တာပါ။ စီဘူမှာ ရှိနေချိန် အတောအတွင်း ကိုအိဇုမိဟာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်နဲ့လည်း သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အခု သဘောတူညီမှုအရ ခေတ်မီ တာလတ်ပစ် AIM-120 ဝေဟင်ကနေ ဝေဟင်ပစ် ဒုံးကျည် အမျိုးအစား ဒုံးကျည်တွေကို ဂျပန်မှာ ပူးပေါင်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ စက်ရုံတည်နေရာကို မဆုံးဖြတ်သေးပေမယ့် လိုအပ်တဲ့ အစိတ်အပိုင်း အများစုကိုတော့ ဂျပန်ရဲ့ Mitsubishi အီလက်ထရောနစ် ကော်ပိုရေးရှင်းကြီးက ပံ့ပိုးပေးသွားဖွယ် ရှိနေပါတယ်။

အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ ညီလာခံဟာ ဒေသတွင်း စစ်ရေး ပဋိပက္ခတွေကို ရှောင်လွှဲဖို့၊ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ရည်ရွယ် ကျင်းပတာဖြစ်ပြီး အမေရိကန်၊ ဂျပန်၊ တရုတ်စတဲ့ နိုင်ငံကြီးတွေရဲ့ ဝန်ကြီးတွေပါ တက်ရောက်လေ့ ရှိပါတယ်။ ပြီးတော့ ဆက်စပ် အစည်းအဝေးတွေအတွင်း အမေရိကန်၊ တရုတ်နဲ့ အဲဒီနှစ်နိုင်ငံရဲ့ မဟာမိတ်တွေကြား အပြန်အလှန် ဝေဖန်ကြတာမျိုးလည်း ဖြစ်တတ်ပါတယ်။

Public Service Announcement

Public Service Announcement

Operation Superchargeလို့ နာမည်ပေးထားတဲ့ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်အရ ထုတ်လုပ်သွားမယ့် ဒုံးကျည်တွေဟာ အမေရိကန်လုပ် ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး ပဉ္စမမျိုးဆက် F-35 ကိုယ်ပျောက် တိုက်လေယာဉ်တွေအတွက် မရှိမဖြစ် အရေးပါလာလိမ့်မယ်လို့ ကိုအိဇုမိက ဆိုပါတယ်။ F-35တွေကို ဂျပန်စစ်တပ်ကလည်း ကိုင်တွယ် အသုံးပြုနေပါတယ်။

သူနဲ့ ဟက်ဂ်ဆက်သ်တို့ ဖိလစ်ပိုင်မှာ တွေ့ဆုံခဲ့ချိန်မှာ ဒေသတွင်း အခြေအနေ တင်းမာမှုတွေ မြင့်တက်လာတာနဲ့ ပတ်သက်လို့ အကျပ်အတည်းတွေ ဖြစ်လာနိုင်တယ် ဆိုတာကို နှစ်ဦးစလုံး တူညီတဲ့အမြင် ရှိခဲ့တယ်လို့ ကိုအိဇုမိက ပြောပါတယ်။ ပြီးတော့ ဂျပန်-အမေရိကန် မဟာမိတ် နှစ်နိုင်ငံဟာ ကြုံလာမယ့် ခြိမ်းခြောက်မှုတွေကို တုံ့ပြန် ကိုင်တွယ်နိုင်ဖို့ စွမ်းရည်တွေကို ဘယ်တုန်းကမှနဲ့ မတူအောင် အရှိန်မြှင့် တည်ဆောက်ဖို့ လိုလားပြီ ဆိုတာကိုလည်း သူတို့နှစ်ဦး သဘောတူခဲ့တယ်လို့ ဝန်ကြီးက မှတ်ချက်ပေးသွားပါတယ်။

အမေရိကန်ရဲ့ အာဆီယံ ဒေသတွင်း မဟာမိတ် နိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်ဟာ တောင်တရုတ် ပင်လယ်ထဲမှာ တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားမှုတွေ တင်းတင်းမာမာ ဖြစ်ပေါ်နေပါတယ်။ တစ်ဖက်မှာလည်း အရှေ့တရုတ် ပင်လယ်ထဲက ဂျပန်ထိန်းချုပ်ထားရာ ကျွန်းစုတွေ ပိုင်ဆိုင်ရေး ကိစ္စအတွက် တရုတ်နဲ့ သီးခြား အငြင်းအခုံတွေ ကြုံတွေ့နေရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က အမေရိကန်လော်ဘီကုမ္ပဏီကိုတစ်နှစ်ဒေါ်လာ ၃ သန်းနဲ့ ငှားရမ်းထားမှုမျိုးတားဆီးနိုင်ဖို့ ဥပ​ဒပြဌာန်းနိုင်ဖို့လို

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ အမေရိကန် အစိုးရကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင် အသစ်တစ်ခု ထူထောင်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အဆိုပြုခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေ ညီလာခံမှာ အမေရိကန်နဲ့ ကျူးဘား နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ အော်ကြဟစ်ကြနဲ့ စကားအခြေအတင် ဖြစ်ခဲ့ကြပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့တ်)ကို ဘရာဇီး အာဏာပိုင်တွေက ပယ်ဖျက်ခဲ့ပေမယ့် ရွေးကောက်ပွဲမှာ လတ်တလော အရေးနိမ့်ထားခဲ့သူ ဖလာဗီယို ဘော်လ်ဆိုနာရိုဟာ အမေရိကန်ကို ရောက်ရှိလာခဲ့ပါတယ်။