▪️စစ်ကောင်စီတပ်သား ၄၃ဦးသေဆုံးဟုဆို
ထိုအချက်အလက်များသည် ဒေသခံကာကွယ်ရေးတပ်များနှင့် အဆိုပါသတင်းဌာနကရရှိသည့် အချက် အလက်များကို အခြေခံထားခြင်းဖြစ်ပြီး မြေပြင်တွင် ထိုပမာဏထက်ပိုနိုင်သည်ဟုလည်း ရေးသားထားသည်။
ထိုဖော်ပြချက်အရ တနင်္သာရီတိုင်းမြို့နယ် ၅ ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြိတ်မြို့နယ် လေးကြိမ်၊ တနင်္သာရီမြို့နယ်တွင် သုံးကြိမ်၊ ပုလောမြို့နယ်တွင် နှစ်ကြိမ်၊ ရေဖြူနှင့် ထားဝယ်မြို့နယ်တို့တွင် တစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ထိုတိုက်ပွဲများတွင် မိုင်းဆွဲတိုက်ခိုက်မှု ငါးကြိမ်နှင့် ပစ်ခတ်တိုက်ခိုက် ခြောက်ကြိမ်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ရေးသားထားသည်။

Public Service Announcement
“ဖြစ်နိုင်ချေရှိတဲ့ ပမာဏဆိုပေမယ့်။ တချို့တိုက်ပွဲတွေမှာတော့ ပမာဏနည်းနည်းများတယ်။ မိုင်းဆွဲလို့ ဘယ်နှယောက်သေတယ်ထုတ်ပြန်တယ်။ မိုင်းဆွဲပြီးရင် မိုင်းဆွဲသမားက ဆွဲပြီးပေးရတာ။ သေမသေတော့ ပြောရခက်ပါတယ်။ ဒီနေရာစာရင်းကွာတာ နည်းနည်းရှိနိုင်တယ်”ဟု ဒေသခံကာကွယ်ရေးတပ်နှင့်နီးစပ်သူ တစ်ဦးကပြောသည်။
ထိုတိုက်ခိုက်မှုများကို ဒေသခံကာကွယ်ရေးတပ်များအပြင် KNUတပ်မဟာ(၄)၏ လက်အောက်ခံတပ်ရင်းများနှင့် KNDO လက်အောက်ခံတပ်ရင်းများကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

















































