Connect with us

Hi, what are you looking for?

News

တနင်္သာရီတိုင်းတွင် ယခုမတ်လအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များကြား အနည်းဆုံးတိုက်ပွဲ ၁၁ကြိမ်ဖြစ်

တနင်္သာရီတိုင်းတွင် ယခု မတ်လအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များကြား အနည်းဆုံးတိုက်ပွဲ ၁၁ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၃ ဦးသေဆုံးခဲ့သည်ဟု ဒေသတွင်း မီဒီယာတစ်ခုဖြစ်သည့် တနင်္သာရီတိုင်းမ်က ဖော်ပြသည်။

▪️စစ်ကောင်စီတပ်သား ၄၃ဦးသေဆုံးဟုဆို

ထိုအချက်အလက်များသည် ဒေသခံကာကွယ်ရေးတပ်များနှင့် အဆိုပါသတင်းဌာနကရရှိသည့် အချက် အလက်များကို အခြေခံထားခြင်းဖြစ်ပြီး မြေပြင်တွင် ထိုပမာဏထက်ပိုနိုင်သည်ဟုလည်း ​ရေးသားထားသည်။

ထို​ဖော်ပြချက်အရ တနင်္သာရီတိုင်းမြို့နယ် ၅ ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြိတ်မြို့နယ် ​လေးကြိမ်၊ တနင်္သာရီမြို့နယ်တွင် သုံးကြိမ်၊ ပုလောမြို့နယ်တွင် နှစ်ကြိမ်၊ ရေဖြူနှင့် ထားဝယ်မြို့နယ်တို့တွင် တစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ပွဲများတွင် မိုင်းဆွဲတိုက်ခိုက်မှု ငါးကြိမ်နှင့် ပစ်ခတ်တိုက်ခိုက် ​ခြောက်ကြိမ်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ​​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

“ဖြစ်နိုင်ချေရှိတဲ့ ပမာဏဆိုပေမယ့်။ တချို့တိုက်ပွဲတွေမှာတော့ ပမာဏနည်းနည်းများတယ်။ မိုင်းဆွဲလို့ ဘယ်နှယောက်သေတယ်ထုတ်ပြန်တယ်။ မိုင်းဆွဲပြီးရင် မိုင်းဆွဲသမားက ဆွဲပြီးပေးရတာ။ သေမသေတော့ ပြောရခက်ပါတယ်။ ဒီနေရာစာရင်းကွာတာ နည်းနည်းရှိနိုင်တယ်”ဟု ဒေသခံကာကွယ်ရေးတပ်နှင့်နီးစပ်သူ တစ်ဦးကပြောသည်။

ထိုတိုက်ခိုက်မှုများကို ဒေသခံကာကွယ်ရေးတပ်များအပြင် KNUတပ်မဟာ(၄)၏ လက်အောက်ခံတပ်ရင်းများနှင့် KNDO လက်အောက်ခံတပ်ရင်းများကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။