Connect with us

Hi, what are you looking for?

News

ဒီး​မော့ဆိုမြို့နယ်တွင် စစ်​ကောင်စီတပ် ​လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် တွင်းများကျန်ရစ်​နေသည်ကို KNDF ပြသ

“စကစ လေယာဥ်ဖြင့် ပစ်ခတ်လိုက်တဲ့ ဗုံးတစ်လုံး၏ပုံရိပ်အချို့ပါ။ အနက် ပေ (၂၀) ရှိပြီး အကျယ်ပေ (၃၀) ဝန်းကျင်ရှိပါတယ်”ဟု KNDF တပ်ရင်း(၉)က ပြော သည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမောဆိုမြို့နယ်ရှိ ဟိုဖိတ်နှင့် သပြေတောကျေးရွာကြားတွင် စစ်ကောင်စီ၏ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျန်ရစ်ခဲ့သော အခြေ အနေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၉က ယနေ့(မေ ၂ ရက်) ထုတ်ပြန် သည်။

“စကစ လေယာဥ်ဖြင့် ပစ်ခတ်လိုက်တဲ့ ဗုံးတစ်လုံး၏ပုံရိပ်အချို့ပါ။ အနက် ပေ (၂၀) ရှိပြီး အကျယ်ပေ (၃၀) ဝန်းကျင်ရှိပါတယ်”ဟု KNDF တပ်ရင်း(၉)က ပြော သည်။

စစ်​ကောင်စီတပ်အ​နေဖြင့် ၎င်းတို့အထိနာပါက လေယာဥ်ပစ်ကူများထုတ်သုံးလျှက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီကို ပြန်လည် လက်တုန့်ပြန်ရန် လေယာဥ်ပစ်လက်နက်များ လိုအပ်နေသည့်အပြင် မြေပြင်တိုက်ပွဲများအတွက် ကျည်ဆန်များ ဝယ်ယူနိုင်ရေး ပြည်သူများအနေဖြင့် တက်နိုင်သမျှပါဝင်ကူညီပေးရန်လည်း မေတ္တာရပ်ခံသည်။

ဧပြီ ၂၀ ရက်ကစ၍ ဒီးမော့ဆို မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများနေ့စဥ် ဖြစ်ပွားနေပြီး အကြမ်း ဖက်စစ်ကောင်စီက လက်နက်ကြီးအများအပြားအသုံးပြုနေသည်ဟု KNDF က ဆိုသည်။

Public Service Announcement

Public Service Announcement

ဧပြီ နောက်ဆုံးပတ်က ဒီးမော့ဆို နှင့်ဖရူဆိုမြို့နယ် တိုက်ခိုက်မှုများတွင် အကြမ်းဖက်စစ် ကောင်စီတပ် ၂၄ ဦးသေဆုံးကာ ၎င်းတို့ ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း KNDFက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။