Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့အနီး စစ်တပ် ဗုံးကြဲမှု အရပ်သားထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

စက်တင်ဘာ-၁၅၊ ၂၀၂၆။ ‌ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

ကံပေါက်ရွာကို ဒီနေ့ စက်တင်ဘာ ၁၅ ရက် နေ့လယ် ၁၂နာရီ ၂၀ မိနစ်မှာ Gyrocopter ၃ စီးနဲ့ ဗုံးကြဲချတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။

“ပုလဲတောင်ပိုင်း ကံပေါက်ကို ကြဲတာ။ မြို့နဲ့ နှစ်မိုင်လောက်ပဲ ဝေးတယ်။ ဒေသခံတွေ ထိတယ်။ သေဆုံးတာတွေ ရှိတယ်တဲ့။ အခု ကျ‌မတို့တွေ ပုန်းကျင်းထဲက မထွက်ရဲသေးဘူး”လို့ ကံပေါက်ရွာအနီးမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ်ဟာ ယင်းမာပင်ခရိုင်ထဲမှာ ပါဝင်ပါတယ်။ စစ်တပ်က မြို့ပေါ်မှာ တပ်စွဲထားပြီး ကျေးရွာအများစုကိုတော့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။

လက်ရှိမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းကနေ လာပြီးဗုံးကြဲတာလို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းဗုံးကြဲမှုကြောင့် ထိခိုက်မှုအခြေအနေကို အသေးစ်ိတ်မသိရသေးပါဘူး။

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ မနက်ပိုင်းမှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲကိုလည်း လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက မြို့နယ်အချို့ကိုလည်း လေကြောင်းကနေမကြာခဏ ဗုံးကြဲနေပါတယ်။

စက်တင်ဘာ ၁၃ရက်က မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ၊ ဇွန်းကျကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကလေးငယ်အချို့အပါအဝင် ခြောက်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၄တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။