Connect with us

Hi, what are you looking for?

News

ဒီး​မော့ဆိုမြို့နယ်တွင် စစ်​ကောင်စီတပ် ​လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် တွင်းများကျန်ရစ်​နေသည်ကို KNDF ပြသ

“စကစ လေယာဥ်ဖြင့် ပစ်ခတ်လိုက်တဲ့ ဗုံးတစ်လုံး၏ပုံရိပ်အချို့ပါ။ အနက် ပေ (၂၀) ရှိပြီး အကျယ်ပေ (၃၀) ဝန်းကျင်ရှိပါတယ်”ဟု KNDF တပ်ရင်း(၉)က ပြော သည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမောဆိုမြို့နယ်ရှိ ဟိုဖိတ်နှင့် သပြေတောကျေးရွာကြားတွင် စစ်ကောင်စီ၏ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျန်ရစ်ခဲ့သော အခြေ အနေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၉က ယနေ့(မေ ၂ ရက်) ထုတ်ပြန် သည်။

“စကစ လေယာဥ်ဖြင့် ပစ်ခတ်လိုက်တဲ့ ဗုံးတစ်လုံး၏ပုံရိပ်အချို့ပါ။ အနက် ပေ (၂၀) ရှိပြီး အကျယ်ပေ (၃၀) ဝန်းကျင်ရှိပါတယ်”ဟု KNDF တပ်ရင်း(၉)က ပြော သည်။

စစ်​ကောင်စီတပ်အ​နေဖြင့် ၎င်းတို့အထိနာပါက လေယာဥ်ပစ်ကူများထုတ်သုံးလျှက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီကို ပြန်လည် လက်တုန့်ပြန်ရန် လေယာဥ်ပစ်လက်နက်များ လိုအပ်နေသည့်အပြင် မြေပြင်တိုက်ပွဲများအတွက် ကျည်ဆန်များ ဝယ်ယူနိုင်ရေး ပြည်သူများအနေဖြင့် တက်နိုင်သမျှပါဝင်ကူညီပေးရန်လည်း မေတ္တာရပ်ခံသည်။

ဧပြီ ၂၀ ရက်ကစ၍ ဒီးမော့ဆို မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများနေ့စဥ် ဖြစ်ပွားနေပြီး အကြမ်း ဖက်စစ်ကောင်စီက လက်နက်ကြီးအများအပြားအသုံးပြုနေသည်ဟု KNDF က ဆိုသည်။

Public Service Announcement

Public Service Announcement

ဧပြီ နောက်ဆုံးပတ်က ဒီးမော့ဆို နှင့်ဖရူဆိုမြို့နယ် တိုက်ခိုက်မှုများတွင် အကြမ်းဖက်စစ် ကောင်စီတပ် ၂၄ ဦးသေဆုံးကာ ၎င်းတို့ ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း KNDFက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာနောက်ဆုံးပတ်အတွင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ပြည်သူလူထုနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၉ရက်ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။