Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသည့် ပြည်သူစုစုပေါင်း ၁,၀၂၃ ဦးရှိပြီ

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့ (ဩဂုတ်၂၇ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅,၉၇၅ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၈ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် (၂၆)ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။

NLD ပါတီဝင်တစ်ဦးနှင့် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်နှင့် ကောလင်း မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူသုံးဦးထပ်မံကျဆုံးခဲ့၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလ အတွင်းကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ ၁,၀၂၃ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP)က ယနေ့ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့ (ဩဂုတ်၂၇ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅,၉၇၅ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၈ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် (၂၆)ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်း ထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၈၄ ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်ဟု ဖော်ပြထားသည်။

ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် ဆီဆိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ခွန်ဗွာထိုသွေးသည် တောင်လေးလုံး (ညောင်ရွှေ) အကျဉ်းထောင်တွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်း ခံခဲ့ရသောကြောင့် တောင်ကြီးစဝ်စံထွန်းဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှုခံယူနေစဉ် ယနေ့ (သြဂုတ် ၂၇) တွင် ကျဆုံးသွားခဲ့ကြောင်း ထပ်မံဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယမန်နေ့ (ဩဂုတ် ၂၆) ည ၈ နာရီကျော်အချိန်က အကြမ်းဖက် စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ၁၂၁ လမ်းအတွင်းကို ဝင်ရောက်၍ ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့် အနီးအနား၌ နွားနို့ရောင်းနေသည့် ဦးသိန်းမင်းထွန်း (ခ) ဖာရွတ်သည် လည်ပင်းကို ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါပစ်ခတ်မှုတွင် အရပ်သားတချို့လည်း ဒဏ်ရာရရှိခဲ့သည်ဟု ပါရှိသည်။

Public Service Announcement

ထို့အပြင် ယမန်နေ့ (ဩဂုတ် ၂၆) နံနက် ၂ နာရီခန့်တွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာ အတွင်းကို စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး နွားစာကျွေးနေသည့် ဒေသခံရွာသား ကိုလွင်မိုးကို စစ်ဆေး မေးမြန်းနေစဉ်အတွင်း ပစ်သတ်သွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် လူနေအိမ်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်နေသောကြောင့် ရွာလုံးကျွတ်ထွက် ထွက်ပြေးနေကြရကြောင်း ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ဖလဲကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၅ ရက် ည ၉ နာရီဝန်းကျင်ခန့်တွင် ဖလဲကျေးရွာသား တစ်ဦးဖြစ်သည့် ကိုဘုန်းကျော်ကို ပစ်သတ်သွားခဲ့ကြောင်း သိရှိရသည်။ ကိုဘုန်းကျော်သည် အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များ ရွာမှ ထွက်ခွာသွား သည်ဟု ထင်ကာ ရွာအတွင်းရှိ ကျွဲ၊ နွား၊ ဝက်များကို အစာကျွေးရန်အတွက် ရှောင်တိမ်းနေရာမှ ပြန်လာစဉ် ပစ်သတ်ခံခဲ့ရ ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။