Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် သုံးဦးသေဟုဆို

အ​ပြန်လှန်ပစ်ခတ်သည့် တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ခန့်ကြာ​မြင့်ပြီး နဂါးစစ်သည်မဟာမိတ်တပ်ပေါင်းစုမှ တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း တပ်ပေါင်းစုမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

(ပုံစာ - စစ်ကြောင်း(၂)၊နဂါးစစ်သည်မဟာမိတ်တပ်ပေါင်းစု တော်လှန်ရေးရဲဘော်များ နယ်မြေလှုပ်ရှားမှုထွက်ခွာနေစဥ်)
(ပုံစာ - စစ်ကြောင်း(၂)၊နဂါးစစ်သည်မဟာမိတ်တပ်ပေါင်းစု တော်လှန်ရေးရဲဘော်များ နယ်မြေလှုပ်ရှားမှုထွက်ခွာနေစဥ်)

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ထုံမခါကျေးရွာနှင့် သဘော့လိပ်ကျေးရွာကြား ဘုရားတောင်အနီးတွင် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နဂါးစစ်သည်မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

ယနေ့(အောက်တိုဘာ ၁၂)နံနက် ၉ နာရီ ၄၅မိနစ်ခန့်က သဘော့လိပ်ကျေးရွာမှ ပြန်ထွက်ခွာလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို နဂါးစစ်သည်မဟာမိတ်တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီဘက်မှ သုံးဦးထက်မနည်း သေဆုံးကြောင်း နဂါးစစ်သည်မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

Public Service Announcement
Public Service Announcement

အ​ပြန်လှန်ပစ်ခတ်သည့် တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ခန့်ကြာ​မြင့်ပြီး နဂါးစစ်သည်မဟာမိတ်တပ်ပေါင်းစုမှ တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း တပ်ပေါင်းစုမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

“နဂါးစစ်သည် မိဟာမိတ်တပ်ပေါင်းစုမှ ကြားဖြတ်တိုက် ခိုက်ခဲ့တာပါ”ဟု အထက်ပါ ရဲဘော်က ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်များ သဘော့လိပ်အနီးဝန်းကျင်တွင်ဆက်ရှိနေခဲ့ရာ ယနေ့ညနေပိုင်းအထိ အခြေအနေပြန်လည် တက်းမာနေခဲ့ပြီး စောင့်ကြည့်နေရကြောင်း နဂါးစည်သည်မဟာမိတ်တပ်ပေါင်းစုထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။