Connect with us

Hi, what are you looking for?

သတင်း

စစ်တွေတိုက်ပွဲအထိနာနေတဲ့ စစ်တပ်က ပုဏ္ဏားကျွန်းကို ဗုံးထပ်ကြဲ၊ ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ကျောက်ဆိပ်မှာ ဗုံးထိမှန်သေဆုံးသွားတဲ့ အမျိုးသမီး။ ဓါတ်ပုံ - ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း)

စက်တင်ဘာ ၁၃၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာ ၁စီးနဲ့ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စေတီ ရင်းရွာထဲမှာ ၁လုံးနဲ့ ဦးရာဇ် တောင်ချောင်းထဲမှာ ၁လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“ဥရာဇ်တောင်ခြေရင်းက ရွာကိုကျပါတယ်။ အဲဒီမှာ စစ်ရှောင်တွေလည်း ရှိတယ်၊ နှစ်ယောက်သေတယ်။ ဒဏ်ရာလည်း ရကြတယ်။ အပျက်အစီးတွေတော့ သေချာသွားမကြည့်ရသေးဘူး” လို့ ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသူတွေဟာ ဒေါ်စိုးစိုးနဲ့ ဦးစိုးစိုးတို့ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရသွားသူတွေကတော့ မဖြူထွေး၊ ဒေါ်ဦးကျော့စိန်နဲ့ ဦးအောင်ဝင်းမောင်တို့ဖြစ်ပါတယ်။

ဒီနေ့ မနက်အစောပိုင်းကလည်း ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်နေရာတွေကို ဗုံးကြဲတိုက် ခိုက်ခဲ့ပါသေးတယ်။

” အခုလည်း လေယာဉ်တွေ ဝဲနေတယ်။ ရွာတွေကိုပဲ ချနေတာ။ တိုက်ပွဲမှာ တော် တော်နာနေတယ်ထင်တယ် ကြည့်ရတာ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ဒီနေ့ ညနေ ၅နာရီကျော်အချိန်မှာ ပြောပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ရဲရိုးပြင်၊ ဆားပို့တောင်၊ ဝါဘိုကျွန်းအနီးဝန်းကျင် တို့မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြပြီး အဲဒီတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနဲ့ အခုဗုံးကြဲခံရတဲ့နေရာမှာ ဆယ် မိုင်ဝန်းကျင်ကွာဝေးပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် သက်ကြီးအမျိုးသမီးသေဆုံးခဲ့ရပါသေးတယ်။ ဒါ့အပြင် စက်တင်ဘာ ၁၁ ရက် နေ့ကလည်း တောင်ကုတ်မြို့နယ် ရွာသစ်ကေကျေးရွာဝန်းကျင်ကို ဗုံးကြဲခဲ့ပြီး ၁ဦးသေဆုံးကာ ၁ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က နှစ်ရာဝန်းကျင် သေဆုံးခဲရပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များစွာရှိနေကာ အဲဒီလိုအထိနာနေချိန် လူနေကျေးရွာတွေကို လက်နက် ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏလုပ်လာနေတာပါ။

စစ်တပ်ဟာ ပြီးခဲ့ တဲ့ စက်တင်ဘာလ ၄ ရက် မှာ ၄၉၂၆ စစ်ဆေးရေးလို့နာမည်တပ်ပြီး စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အများအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။