Connect with us

Hi, what are you looking for?

သတင်း

စစ်တွေတိုက်ပွဲအထိနာနေတဲ့ စစ်တပ်က ပုဏ္ဏားကျွန်းကို ဗုံးထပ်ကြဲ၊ ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ကျောက်ဆိပ်မှာ ဗုံးထိမှန်သေဆုံးသွားတဲ့ အမျိုးသမီး။ ဓါတ်ပုံ - ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း)

စက်တင်ဘာ ၁၃၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာ ၁စီးနဲ့ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စေတီ ရင်းရွာထဲမှာ ၁လုံးနဲ့ ဦးရာဇ် တောင်ချောင်းထဲမှာ ၁လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“ဥရာဇ်တောင်ခြေရင်းက ရွာကိုကျပါတယ်။ အဲဒီမှာ စစ်ရှောင်တွေလည်း ရှိတယ်၊ နှစ်ယောက်သေတယ်။ ဒဏ်ရာလည်း ရကြတယ်။ အပျက်အစီးတွေတော့ သေချာသွားမကြည့်ရသေးဘူး” လို့ ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသူတွေဟာ ဒေါ်စိုးစိုးနဲ့ ဦးစိုးစိုးတို့ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရသွားသူတွေကတော့ မဖြူထွေး၊ ဒေါ်ဦးကျော့စိန်နဲ့ ဦးအောင်ဝင်းမောင်တို့ဖြစ်ပါတယ်။

ဒီနေ့ မနက်အစောပိုင်းကလည်း ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်နေရာတွေကို ဗုံးကြဲတိုက် ခိုက်ခဲ့ပါသေးတယ်။

” အခုလည်း လေယာဉ်တွေ ဝဲနေတယ်။ ရွာတွေကိုပဲ ချနေတာ။ တိုက်ပွဲမှာ တော် တော်နာနေတယ်ထင်တယ် ကြည့်ရတာ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ဒီနေ့ ညနေ ၅နာရီကျော်အချိန်မှာ ပြောပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ရဲရိုးပြင်၊ ဆားပို့တောင်၊ ဝါဘိုကျွန်းအနီးဝန်းကျင် တို့မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြပြီး အဲဒီတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနဲ့ အခုဗုံးကြဲခံရတဲ့နေရာမှာ ဆယ် မိုင်ဝန်းကျင်ကွာဝေးပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် သက်ကြီးအမျိုးသမီးသေဆုံးခဲ့ရပါသေးတယ်။ ဒါ့အပြင် စက်တင်ဘာ ၁၁ ရက် နေ့ကလည်း တောင်ကုတ်မြို့နယ် ရွာသစ်ကေကျေးရွာဝန်းကျင်ကို ဗုံးကြဲခဲ့ပြီး ၁ဦးသေဆုံးကာ ၁ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က နှစ်ရာဝန်းကျင် သေဆုံးခဲရပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များစွာရှိနေကာ အဲဒီလိုအထိနာနေချိန် လူနေကျေးရွာတွေကို လက်နက် ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏလုပ်လာနေတာပါ။

စစ်တပ်ဟာ ပြီးခဲ့ တဲ့ စက်တင်ဘာလ ၄ ရက် မှာ ၄၉၂၆ စစ်ဆေးရေးလို့နာမည်တပ်ပြီး စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။