Connect with us

Hi, what are you looking for?

သတင်း

အရာတော်တွင် မွေးမြူရေးခြံများအား မီးရှို့ဖျက် ဆီးခဲ့သည့် စစ်ကောင်စီတပ်ကိုပကဖတိုက်ခိုက်ရာ လေးဦးခန့်သေဟုဆို

စစ်ကောင်စီတပ်သည် အဆိုပါရွာအရှေ့ပိုင်းရှိ မွေးမြူရေးခြံများကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ မွေးမြူရေးခြံများ မီးလောင်ဆုံးရှုံးခဲ့ရပြီး ခြံအတွင်းရှိ ကြက်၊ ဝက်များလည်း အရှင်လတ်လတ် မီး‌လောင်သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း အရာတော်ပို့စ်က ဖော်ကြသည်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် အုပ်ရှစ်ကုန်းရွာရှိ ကြက်ခြံအပါအဝင် မွေးမြူရေးခြံများ၊ ဓာတ်ပုံ- အရာတော်ပို့စ်
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် အုပ်ရှစ်ကုန်းရွာရှိ ကြက်ခြံအပါအဝင် မွေးမြူရေးခြံများ၊ ဓာတ်ပုံ- အရာတော်ပို့စ်

စစ်ကိုင်းတိုင်း၊ အရာတော်နယ်မြောက်ပိုင်း၌ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦးခန့်သေဆုံးနိုင်ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၇ ရက်နံနက်ပိုင်းက အရာတော်မြို့နယ် နောင်ကြီးအိုင်ကျေးရွာစခန်းမှ ထွက်လာပြီး အရာတော်မြောက်နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် အရာတော် မြောက်ပိုင်းရှိ အုပ်ရှစ်ကုန်းကျေးရွာသို့ ဝင်ရောက် ခဲ့သည်။

စစ်ကောင်စီတပ်သည် အဆိုပါရွာအရှေ့ပိုင်းရှိ မွေးမြူရေးခြံများကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ မွေးမြူရေးခြံများ မီးလောင်ဆုံးရှုံးခဲ့ရပြီး ခြံအတွင်းရှိ ကြက်၊ ဝက်များလည်း အရှင်လတ်လတ် မီး‌လောင်သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း အရာတော်ပို့စ်က ဖော်ကြသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် မီးရှို့ဖျက်ဆီးပြီးနောက် ထွက်ခွာလာရာ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်‌ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးကို အရာတော်(ပကဖ)နှင့် ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ မုံရွာခရိုင် PDF တပ်ရင်း(၁၉) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ထို့အပြင် စစ်ကောင်စီတပ်က တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာအနီး အုပ်ရှစ်ကုန်းနှင့် ဝက်ပစ်ရွာကြား တောခြေတွင်နေထိုင်သူ အသက် (၂၀) ဝန်းကျင် လူငယ်နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်များသ​ည် ယနေ့ (နိုဝင်ဘာလ ၉ ရက်)တွင် အရာတော်နယ်မြောက်ပိုင်း၌ ဆက်လက်စစ်ကြောင်းထိုးနေပြီး ပဲဝက်ရွာသို့ ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။