Connect with us

Hi, what are you looking for?

သတင်း

အရာတော်နယ်ရှိ စစ်အုပ်စုစခန်းအား PDFတပ်ပေါင်းစု စီးနင်းတိုက်ခိုက်

နောက်ဆက်တွဲသတင်းများအရ စစ်ကောင်စီတပ်သားနှင့်ပျူ ၁၀ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာပြင်းထန်သူများလည်းရှိကြောင်း အရာတော် (ပကဖ)က ပြောသည်။

(ငွေတွင်းရွာရှိ စစ်တပ်နှင့်ပျူစခန်းမှ သိမ်းဆည်းရမိသော ပစ္စည်းများ၊ ငွေတွင်းရွာရှိ စစ်တပ်နှင့်ပျူစခန်းအား မီးရှို့ခဲ့စဥ်၊ဓာတ်ပုံ-အရာတော် - ပကဖ)
(ငွေတွင်းရွာရှိ စစ်တပ်နှင့်ပျူစခန်းမှ သိမ်းဆည်းရမိသော ပစ္စည်းများ၊ ငွေတွင်းရွာရှိ စစ်တပ်နှင့်ပျူစခန်းအား မီးရှို့ခဲ့စဥ်၊ဓာတ်ပုံ-အရာတော် - ပကဖ)

▪️စစ်သားနှင့်ပျူအများအပြားသေဆုံးပြီး စခန်းအားမီးရှို့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ငွေတွင်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီး အခြစိုက်စခန်းကို ဒေသတွင်း PDFများ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်သားနှင့်ပျူအများအပြားသေဆုံးပြီး စခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၅ ရက် နံနက် ၄ နာရီခွဲမှ ၅ နာရီခွဲခန့်အတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် နယ်ခံပျူစောထီးများ အခိုင်အမာတပ်စွဲထားသော ငွေတွင်းကျေးရွာရှိ စခန်းအား တော်လှန်ရေးတပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်နှင့်ပျူ သေဆုံးသူများရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း အရာတော်(ပကဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

စစ်ကောင်စီတပ်နှင့်ပျူများ၏ အခြေစိုက်စခန်းနေရာကို သိမ်းယူမီးရှို့နိုင်ခဲ့ပြီး လက်ပစ်ဗုံးတစ် လုံး၊ ဖုန်းတစ်လုံး၊ ပါဝါဘဏ်တစ်လုံး၊ စစ်လွယ်အိတ်တစ်လုံးနှင့် လေးခွတစ်လက် သိမ်းဆည်းရမိကြောင်း အရာတော်(ပကဖ)က အသိပေးသည်။

(ငွေတွင်းရွာရှိ စစ်တပ်နှင့်ပျူစခန်းမှ သိမ်းဆည်းရမိသော ပစ္စည်းများ၊ ငွေတွင်းရွာရှိ စစ်တပ်နှင့်ပျူစခန်းအား မီးရှို့ခဲ့စဥ်၊ဓာတ်ပုံ-အရာတော် - ပကဖ)
(ငွေတွင်းရွာရှိ စစ်တပ်နှင့်ပျူစခန်းမှ သိမ်းဆည်းရမိသော ပစ္စည်းများ၊ ငွေတွင်းရွာရှိ စစ်တပ်နှင့်ပျူစခန်းအား မီးရှို့ခဲ့စဥ်၊ဓာတ်ပုံ-အရာတော် – ပကဖ)

နောက်ဆက်တွဲသတင်းများအရ စစ်ကောင်စီတပ်သားနှင့်ပျူ ၁၀ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာပြင်းထန်သူများလည်းရှိကြောင်း အရာတော် (ပကဖ)က ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့များ၏ ရဲဘော် သုံးဦးအသေးစားဒဏ်ရာရရှိခဲ့သော်လည်း စစ်ဆင်ရေးအောင်မြင်ခဲ့ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အထက်ပါ စစ်ဆင်ရေးကို မုံရွာခရိုင် PDF တပ်ရင်း (၆)၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း (၇)၊ MRTF တပ်ဖွဲ့၊ ဇေယျာ (၇)တပ်ဖွဲ့၊ BRA တပ်ဖွဲ့၊ သပြေညိုပြောက်ကျားတပ်ဖွဲ့၊ Danger Force တပ်ဖွဲ့၊ ABN PDF တပ်ဖွဲ့၊ ပုသိမ်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ GZP Mandalay တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထို့အပြင် ညနေ ၄ နာရီခန့်တွင် အရာတော်ရှိ စစ်ကောင်စီတပ်မှ အရှေ့ဘက်သို့ ထွက်ခွာလာသည့် စစ်ကား ၁ စီးနှင့် ပျူစောထီး ဆိုင်ကယ် ၃ စီး ယာဉ်တန်းကို မြေနက်လမ်းဆုံအနီးတွင် (ပကဖ) တပ်ဖွဲ့များက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အရာတော်ပို့စ်က ဖော်ပြသည်။

တိုက်ပွဲအပြီးတွင် ငွေတွင်းရွာသို့ စစ်ကူအင်အား ၅၀ ခန့် ထပ်မံရောက်ရှိလာကာ ရွာခံပြည်သူ ၂၀ ကျော်ကို လိုက်လံဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ဖမ်းဆီးခံပြည်သူများတွင် အမျိုးသမီးများ ပိုမိုများပြားကာ ယနေ့ထိ စစ်ဆေးမေးမြန်းနေဆဲဖြစ် ကြောင်း အရာတော်ပို့စ်က ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။