Connect with us

Hi, what are you looking for?

သတင်း

ဗကသရဲဘော် ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီက ထောင်ဒဏ် တသက်တကျွန်း မတရားချမှတ်

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ - ABFSU

အာဏာသိမ်း စစ်ကောင်စီ၏ ခုံရုံးမှ မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်အား ယမန်နေ့တွင် ထောင်ဒဏ် တသက်တကျွန်း မတရားအမိန့်ချလိုက်ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

“ကိုကောင်းဆက်ပိုင်ကို မနေ့က ထောင်ဒဏ် တသက်တကျွန်း မတရား အမိန့်ချလိုက်တယ်လို့ သိရပါတယ်။ ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ နိုင်မှလွတ်မယ့်သူ၊ ကျွန်တော်တို့ နိုင်မှကျွတ်မယ့်သူတွေ ရှိတဲ့အတွက် တော်လှန်ရေးအောင်မြင်ဖို့ ပိုကြိုးစားကြဖို့ လိုပါတယ်။ ပြည်သူတွေကိုလည်း သွေးအေးမသွားဘဲ တော်လှန်ရေးကို တတ်နိုင်တဲ့ဘက်က ကူပေးကြပါလို့ တိုက်တွန်းလိုပါတယ် “ဟု တော်လှန်ရေးအင်အားစုမှ ကျောင်းသားလူငယ်တစ်ဦးက ဆိုသည်။

အသက် (၂၀)နှစ်အရွယ်ရှိ ဗကသရဲဘော် ကိုကောင်းဆက်ပိုင်သည် ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာ ၁ ရက်တွင် စစ်ကောင်စီတပ်၏ အကြမ်းဖက် ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ယခုကဲ့သို့ မတရားအမိန့် ချမှတ်ခံရခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်တွင်လည်း အထက (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ ဒုဥက္ကဌဖြစ်သူ ကိုဟိန်းထက် (ခ) ကိုပိုပိုအား စစ်ကောင်စီ၏ ဖက်ဆစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။